"ချစ်ပါစေတေ့ာကွယ်" ___ အခန်း ၆
အေးစိမ့်စိမ့် ဆောင်းမနက်ခင်းသည် နေရောင်အောက်မှာအချမ်းပျယ်စပြုနေပြီ ဖြစ်သည်။ အသံသာကြားလိုက်ရပြီးပျောက်ပျောက်သွားတတ်သော ပဲပြုတ်သည် အစ်မအားမီရန်အလို့ငှာ အောက်ထပ်သို့ စော၍ ဆင်းလာလိုက်သည်စုတို့တိုက်အောက်ထပ် ညာဘက်အချမ်းမှ ဖျာပုံ ဆန်ဆိုင်ကလည်းဖွင့်ဖို့ပြင်နေသည် ရိုးရာထည်ဆိုင်က ညီမလေးတွေတေ့ာ ဆိုင်မဖွင့်သေးပေ။
"မစု စောစောစီးစီး ပါလား"
"ဟုတ်တယ် ပဲပြုတ်သည်ကိုကြိုပြီးလာစောင့်နှင့်နေတာ
သည်နေ့ ထမင်းက ကြော်ရမှကို ဖြစ်မှာမို့ လေ"ဟော ပြောရင်းဆိုရင်း လာနေပြီ........။
တိုက်ခန်းတံခါးဆွဲဖွင့်လိုက်တယ်ဆိုရင်ပဲ
ဧည့်ခန်းထဲမှလာသည့် တီဗီမှ အသံများဆူညံနေသည်စောစောစီးစီး ဘယ်လိုများဖြစ်နေလဲ"ဘေးအခန်းတွေ အားမနာဘူးလား "
"တံခါးပိတ်ထားတယ် မှလား"
"တံခါးပိတ်လည်း ဘေးအိမ်တွေမကြားဘူးဆိုရင်တောင်ဆူလွန်းတယ် အသံလျှော့"
"ဘယ်ကပြန်လာတာလဲ"
လက်ထဲက ပဲပြုတ်ထည့်လာတဲ့ ပလပ်စတစ်အိတ်ကိုသူ မမြင်စရာလည်းအကြောင်း မရှိ (ပလပ်စတစ်အိတ်လျှော့ချရေးအတွက်တတ်နိုင်ရင်ကိုယ့်အိမ်က ထည့်စရာတစ်ခုခုယူသွားပြီး ဈေးဝယ်ပါ ) ဒါကို သူ တမင်သက်သက်မေးနေတာ
စု အိတ်ကိုသာမြှောက်ပြလိုက်သည်။
"အိမ်မှာစာကြည့်မယ်ဆို မနက်စာထမင်းကြော်မလို့ကော်ဖီလည်းဖျော်တိုက်မယ် လေ အောက်ကိုခနပဲသွားတာပါ
သူ မနိုးသေးလို့ မပြောခဲ့တာ "စု ရှင်းပြတေ့ာမှ မျက်နှာကတစ်ထစ်လျှော့သည်ဘယ်သူ့ရှေ့မှာမဆို လူကြီးလိုနေခဲ့ရသမျှ စုနဲ့ဆို ဆိုးချင်သည့်သူ့ကို အလျှော့ပေးဖို့ ပဲ စဉ်းစားထားခဲ့တာပါ
သူ့မှာ အစ်မဆိုတာလည်း မရှိခဲ့ရရှာဘူးမဟုတ်လားသူလည်း ရေချိူးခန်း ဝင် စုလည်း မီးဖိုခန်းဘက်ထွက်လာခဲ့လိုက်သည်
"စားကောင်းတယ် စာတောင်မကြည့်ချင်တေ့ာဘူးပြန်အိပ်လိုက်ချင်တယ် "