'ချစ်ပါရစေတေ့ာကွယ်' ___ အခန်း ၉
ရန်ကုန်မြို့ရဲ့အထင်ကရနေရာမှန်သမျှ
လိုက်ပို့ရတာမို့ တစ်နေရာဝင် တစ်နေရာထွက်နဲ့တစ်အုပ်စုလုံးနားရတယ် မရှိပေ။မိသားစုနှင့်အတူရှိရတာမို့ ပျော်နေရှာတဲ့ မမမျက်နှာလေးဟာလည်း နွမ်းပေမယ့် အပြုံးမပျက် ကိုယ်တေ့ာဘယ်ပင်ပန်းမလဲ မမအပြုံးလေးနဲ့လန်းဆန်းနေရတယ် မဟုတ်လား။
ကိုကို့ ခမျာလည်း မမအေးဆီက အမှတ်ပြည့်ရဖို့အရေးတစ်ချက်မှ မငြီးညူ သူတို့မိသားစု အတွက်ကိုယ်တို့မောင်နှမနှစ်ယောက်လုံး ဧည့်ဝတ်ကျေပေးရတာကိုက ကျေနပ်စရာပင်ဖြစ်နေတေ့ာသည်။
ကိုကိုဟာ စိတ်ထားနူးညံ့ပြီးသဘောကောင်းသူပါသွေးကစကားပြောတယ်ပဲဆိုစေဦးတေ့ာဖေ့ဖေ့ထက်ပိုရင်းနှီးမိတာဟာ ကိုကိုက ဖေဖေနှင့်မတူလို့ပဲဖြစ်မှာပါလို့ မြင့်မိုရ်တွေးမိသည်။
မမ အဖေကဆို သူ့သမီးကို ဂရုစိုက်လွန်းတာကြောင့်ကိုယ့်ကိုယ်ကြည့်တဲ့အကြည့်တွေမှာ ကျေးဇူးတင်တဲ့ အရိပ်တွေ တွေ့နေရ၏
ဘုရားစိန်ဖူးတော်ထိမေ့ာကြည့်ဖူးမျှော်
ရင်း နောင်တစ်ချိန်မှာလည်း
ယောက္ခမကြီး အခုလိုပဲကြည်ဖြူပါစေ ဘုရားလို့ သူ ဆုတောင်းလိုက်ပြီး
ကိုယ့်ဆုတောင်းကိုပြန် ရယ်မိသေး၏။'အစစအရာရာအတွက် ကျေးဇူးတင်ပါတယ် သမီးလေး ဦး သမီးလေးကို ထပ်ပြီးလည်း စောင့်ရှောက်ပေးပါဦး'
ကျေးဇူးတင်စကားက ဒါပဲဖြစ်သော်လည်း သူ ကျေနပ်ပါသည် ဦးမျက်ဝန်းက ကျေးဇူးတင်မှုနဲ့ ငယ်လေးရဲ့ သူ့
မမအတွက် အားကိုးပြီးကြည့်တဲ့အကြည့်နဲ့တင်လုံလောက်ပြီဖြစ်သည်...စကားအပိုတွေမလိုအပ်တေ့ာပါ'အဖေ လမ်းခရီးမှာ ဂရုစိုက်နော်
ကိုလတ် အဖေနဲ့ ငယ်လေးကို ဂရုစိုက်ဦး''အင်းပါ မမရဲ့ စိတ်ချပါ '
'စိတ်ချ သမီး စောသေးတယ် ကားကမထွက်သေးဘူးသမီးတို့ပြန်ကြ ပါ '
'ကားထွက်မှ ပြန်မှာ'
ပြန်ပါပြောကာမှ ငယ်လေးဘက်ကိုတိုးပြီး ဖက်ထားလိုက်သေးသည်...မြင်ကွင်းကရင်ထဲမှာ မချိစရာသူတို့မိသားစုကြလည်း ချစ်လျက်နဲ့ခွဲရတေ့ာသည်ကိုယ့်ကျတေ့ာလည်း
သူ ဒါတွေ မတွေးချင်ပါ။ ကိုယ်ကပဲ ခွဲထွက်နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တာမဟုတ်လား။