'ချစ်ပါရစေတေ့ာ ကွယ်' ____ အခန်း ၁၂
ကိုကိုက အလုပ်ထွက်ပြီး ဆိုင်ကို တာဝန်ယူလိုက်တာနဲ့ဖေဖေက အချိန်တွေ ပိုနေကာ ကိုယ့်ကိုယ် အိမ်ပြန်ခေါ်ဖို့အရေးက သူ့အလုပ်ဖြစ်နေသည် ။
အစကတေ့ာ မမစု တစ်ယောက်တည်းမို့ ဟု အကြောင်းပြလို့ရနေပေမယ့် မမအေးကလည်း မန္တလေးရုံးခွဲမှပြန်လာတေ့ာမှာ ဟု သိရသည်။
မမကိုဖွင့်ပြောဖို့အရေး ဘယ်လိုမှ မပြောရဲတာနဲ့ စာရေးပေးဖို့သာ ဆုံးဖြတ်လိုက်ရသည် ဒါတောင် တိုက်ရိုက်မပေးရဲလို့
သူမြင်သာတဲ့နေရာမှာ ထားခဲ့ရမှာ ပင်
သတ္တိတွေကို မမရဲ့ချစ်သူဖြစ်ကာမှ ထုတ်သုံးရပါတေ့ာမည်...။သို့
မမ
ဒီစာကို ရေးဖို့ပေးဖို့အတွက်ရော ဒီစာမှမရေးဖြစ်ရင်မမသိတေ့ာမှာမဟုတ်လို့ရော မြင့်မိုရ်ရေးလိုက်ရတာပါ
မမ သိပြီးတဲ့အခါ ဖြစ်လာမယ့် အကျိူးဆက်ဟာကောင်းဖို့ရာခိုင်နှုန်းနည်းနိုင်တာလည်း သိပါတယ်
မမအနေနဲ့ အထူးအဆန်းတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်
ဒါပေမယ့်လည်း မမရေမမကို မြင့်မိုရ် ချစ်မိတယ်
ချစ်တယ်ဆိုတာ မေးခွန်းမဟုတ်ပေမယ့်
ချစ်တာကို ဖွင့်ပြောပြီးမှ တုံ့ပြန်မှုကို သိရမှာမဟုတ်လား
လက်ခံတာ လက်မခံတာတေ့ာ မမအဆုံးအဖြတ်ပါ....အချစ်ဆိုတာကို မမယုံသလား
မြင့်မိုရ်တေ့ာ ယုံတယ်မြင့်မိုရ်အတွက်တေ့ာ မနက်ဖြန်တိုင်း မမနဲ့ရှိချင်တယ်
မမအငွေ့အသက်နဲ့ဝေးတဲ့ရပ်ဝန်းတစ်ခုမှာရပ်တည်နိုင်ဖို့မလွယ်ပါဘူးမမဆံပင်လေးတွေ မမနားရွက်ဖျားလေးတွေ မမရဲ့နှစ်လိုဖွယ်ရာအမူအယာအားလုံး မြင့်မိုရ်ပိုင်ချင်တယ် ကိုယ့်ကို ရူးနေပြီ ထင်မလားဟင်
ဒီလိုဖွင့်ပြောလို့ မမမုန်းချင်လည်း
မမပေးတဲ့အမုန်းတွေ ပိုက်ပြီး မြင့်မိုရ်တစ်ဘဝလုံး မမကိုချစ်နေဦးမှာပါ
မမအချစ်ကို မရဲတရဲတေ့ာမျှော်လင့်နေပါရစေ....
မမနဲ့ အဝေးမှာ နေဖို့အင်အားမရှိတေ့ာတဲ့