'ချစ်ပါရစေတေ့ာကွယ်' ____ အခန်း ၁၃
သူမ တရေးနိုးလာလို့ ဘေးကိုစောင်းငဲ့ကြည့်တေ့ာခေါင်းအုံးပိုက်ကာ ငုပ်တုတ်ထိုင်နေတဲ့ သူ့ကိုတွေ့ရသည်
'ဘယ်အချိန်ရှိနေပြီလဲ မအိပ်သေးဘူးလား'
'သုံးနာရီပဲ ရှိပါသေးတယ် မမရဲ့ '
'သုံးနာရီ '
'အချိန်မနည်းတေ့ာဘူးပဲ ဘာလို့မအိပ်တာလဲ'
'ရင်ခုန်နေလို့'
" ရှင် "
'ဟုတ်တယ် မမ ရဲ့ မြင့်မိုရ်ရင်ခုန်နေလို့ အိပ်မရဘူး '
ပြီးတေ့ာ မမကို ဒီအတိုင်း ကြည့်နေချင်လို့'
'ထိုင်ကြည့်နေတာလား'
'အင်း '
'ဘုရာရေ !!!
တချိန်လုံးများထိုင်ကြည့်နေတာလားဆိုတဲ့စိတ်နဲ့ မလုံမလဲဖြစ်သွားရည်။
'ဘာ ဘာတွေမြင်သွားသေးလဲ'
'မြင်တယ် အများကြီး ပဲ'
မျက်လုံးလေးပြူးနေတဲ့မမပုံစံက အသည်းယားဖွယ်ရာပင်ဖြစ်သည်။
တကယ်တေ့ာ ကိုယ်ဘာမှမမြင်ပါ မမအိပ်တာ ငြိမ်သက်နေပါသည်။'စကားတွေလည်း ပြောတယ်
ရယ်လည်းရယ်တယ်
တစ်ခါတစ်ခါဆို စောင်ကို ကန်ချပစ်လိုက်သေးတာ ခနခန ပြန်ခြုံပေးရတယ် ''ပြီးတေ့ာ'.
'ရပြီ ရပြီ ဆက်မပြောနဲ့တော့ '
မြင့်မိုရ်သည် ခေါင်းကိုမေ့ာကာ အားပါးတရရယ်နေလေသည်
'ဘယ်သူက ကြည့်ခိုင်းတာကျလို့ '
ရှက်ရှက်နဲ့ အိပ်ရာထက်မှထကာ ဆံပင်တွေစုစီးလိုက်သည်
'မျက်နှာသွားသစ်တေ့ာမယ်'
ခြေလှမ်း လှမ်းရုံရှိသေး
နောက်ကနေ လက်ကိုလှမ်းဆွဲလိုက်သည့်သူ့ကြောင့်
သွားလိုရာမရောက်ပဲ မြင့်မိုရ်ရင်ခွင်ထဲသို့ သူမတစ်ကိုယ်လုံးအိခနဲပြိုလဲကျသွားရသည်'ရှက်သွားတာလား '.
'ရှက်တာပေါ့ သူများအိပ်တာထိုင်ကြည့်ပြီးရယ်နေတာကို'