"ကိုင်း ငါ့ကိုနှင်းဆီနှစ်စည်းချန်ပေးထားဦး၊ အိမ်မှာ ဘုရားပန်းတွေညှိုးနေပြီ"
"......"
"ဟဲ့ ကိုင်း!"
"ဗျာ..ဗျာ မသူ"
အရောင်းပါးချိန် ကိုင်းခဏလေးအတွေးလွန်နေတုန်း လှမ်းအော်ပြောသည့် မသူကြောင့် အလန့်တကြားဖြစ်သွားရသည်။ မသူကတော့ ငါးဖယ်ခြစ်နေရာကနေ ကိုင်းကို စူးစမ်းသလိုကြည့်ကာ
"ကိုင်း နင်ဒီတလောထူးဆန်းနေတယ်နော်"
"ဗျာ ဘာကိုလဲ မသူရဲ့၊ ကျွန်တော်ကဒီအတိုင်းပါပဲ"
"ဟိုမြောက်ကြွမြောက်ကြွဖြစ်နေတဲ့ကောင်လေးနဲ့မလာထဲက နင် မူတွေပျက်နေတာငါသိပါတယ်"
"မဟုတ်တာ မသူရာ၊ သူနဲ့ဘာမှမဆိုင်ပါဘူး။ အိမ်မှာအဖေသိပ်နေမကောင်းလို့ စိတ်နဲ့လူနဲ့မကပ်ဘူးဖြစ်နေတာပါ"
"ဟုတ်လား၊ နင့်အဖေလဲဟယ် အသက်ကြီးနေပြီကို အရက်ကအခုထိသောက်နေသေးတယ်၊ နင်မတားဘူးလား"
"တားတော့တားတာပဲ မသူရယ်၊ အဖေက အလွန်အကျွံကြီးသောက်နေတာလဲ မဟုတ်ဘူးလေ၊ ဒီအတိုင်း ဆေးဖြစ်ဝါးဖြစ်ရုံလောက်ပဲသောက်တာဆိုတော့..."
"ဟဲ့ အရက်ဆိုတာကောင်းကိုမကောင်းတာ ဆေးဖြစ်ဝါးဖြစ်ဆိုတာ ဘယ်မှာရှိလို့တုန်း၊ အိမ်က ကိုဝင်းနိုင်တစ်ယောက်ကတော့ ငါဘယ်လောက်ပြောပြော ဘယ်လောက်ဆဲဆဲ သောက်မြဲသောက်နေတာပဲ၊ ညနေဆို အချိန်လေးကိုမှန်..လို့။ နင့်အဖေနဲ့ပွဲကျနေတာလေ"
"မသူပြောတာ ဟုတ်တော့ဟုတ်ပါတယ်၊ အနည်းအကျဉ်းပဲသောက်တယ်ဆိုပေမဲ့ နှစ်ရှည်လများစွဲသောက်လာတော့ အသည်းတွေဘာတွေပျက်စီးနေမလား စိုးရိမ်တာ"
"ဆေးခန်းလေး ဘာလေးပြကြည့်လေ ကိုင်းရယ်၊ ဟိုဘက် သုံးလမ်းကျော်မှာ အသစ်ဖွင့်ထားတဲ့ ဆေးခန်းရှိတယ်လို့ပြောတယ်၊ ဆရာဝန်ကသဘောလဲကောင်းကောင်း၊ ဆေးဖိုးလဲ သက်သက်သာသာပဲယူတယ်လို့ပြောသံကြားတာပဲ"
ကိုင်းတို့စကားဝိုင်းထဲသို့ မအေးစန်းကလည်း ပါလာကာ သူသိထားသည့် အကြောင်းအရာကို ကိုင်းကိုပြန်ပြောပြပေး၏။
YOU ARE READING
မောင့်မျက်သွယ်
Romance"ဒီမှာ..၊ ဈေးဝယ်ချင်လို့" "ရတယ် ညီလေး၊ ဘာပန်းလိုချင်တာလဲ" "ပန်းတော့မလိုဘူး၊ ပန်းရောင်းတဲ့လူကိုဝယ်လို့ရလား" "ဘာကွ"