မားရဲ့ မီးငယ်လေး
- အပိုင်း - ၃
- GL story
- စာရေးသူ ချယ်
စာဖတ်ခန်းထဲတွင် ဖြစ်သည်။
" ဒေါက် ဒေါက် ဒေါက် "
" ၀င်ခဲ့ "
" မား........ "
" မီးငယ်လေး ခုထိမအိပ်သေးဘူးလား နောက်ကျနေပြီးလေ မားက ဖွားဖွားနဲ့ တူတူအိပ်နေပြီးထင်နေတာ "
" မီးငယ်အိပ်ပြီးပါပြီး မားရဲ့ ခုက တရေးနိုးလာတာ ဖွားဖွားက တခူးခူးနဲ့ အိပ်နေတော့ မီးငယ်ဆက်အိပ်လို့မရတော့ဘူး "
" ဟား ဟား ဖွားဖွားက အရမ်းဟောက်နေတယ်ပေါ့ ဟုတ်လား မီးငယ် "
" ဟုတ်တယ် မား မီးငယ် ဖွားဖွားနဲ့ မအိပ်ချင်တော့ဘူး မားနဲ့ တူတူဖတ်အိပ်ချင်လို့ မားအလုပ်မပြီးသေးရင် မီးငယ်စောင့်နေမယ်လေနော် နော်လို့ " ဧကရီရဲ့ လက်မောင်းကို လှုပ်ရမ်းပြီး သူ့ကိုယ်လုံးလေးကို ခါကာ အချွဲပိုနေတဲ့ မီးငယ်ကို ဧကရီအသည်းတယားယား မီးငယ်ရဲ့ ကိုယ်လုံးလေးကို ဧကရီပေါင်ပေါ် ပင့်တင်ပြီး ပါးချိုင့်တွေပေါ်အောင်ရယ်တတ်တဲ့ ပါးတစ်ဖတ်ကို နှစ်ဝင်အောင် နမ်းရှိုက်လိုက်တော့ မီးငယ်က သဘောတကျ တခခ်ခခ်နဲ့ ရယ်မောနေလေရဲ့
" မားနဲ့ တူတူအိပ်ချင်ရင် မားပေါင်ပေါ်မှာ ခနလေးထိုင်စောင့်နေနော် မား ဒီစာရင်းလေးလုပ်ပြီးရင် မားတို့တူတူဖတ်အိပ်ကြမယ် ဟုတ်ပြီးလား "
" ဟုတ် ဟီး.... " မီးငယ်ကို ဧကရီရင်ခွင်ထဲပိုက်ကာ အလုပ်တွေ မြန်မြန်လက်စသက်လိုက်သည်။ အလုပ်ပြီးတာနဲ့ ဧကရီရင်ခွင်ထဲမှာ ငိုက်စပြုနေတဲ့ မီးငယ်လေးကို ချီပြီး အိပ်ရာထဲခေါ်လာခဲ့သည်။ အိပ်ရာကုတင်ပေါ်မှာ မီးငယ်လေးကို သက်တောင့်သက်သာဖြစ်အောင် ပြင်ပေးပြီး စောင်လေးကိုရင်ဘက်နားထိဆွဲတင်လိုက်သည်။ ဧကရီမြတ်နိုးရတဲ့ ထိုကလေးရဲ့နဖူးလေးကို ခပ်ဖွဖွနမ်းရှိုက်လိုက်တော့ ကလေးရဲ့ရယ်သံလွင်လွင်လေးကြားရတဲ့ချိန် ဧကရီတစ်ချက်ပြုံးလိုက်မိသည်။
" ဟီး..... ဟီး.....ဟီး..... မားရေ ယားတယ်လို့ မလုပ်နဲ့လို့ မား..... ဟီး..... ဟီး...... မား မီးငယ်ယားနေပြီးလို့ " အိပ်ချင်ယောင်ဆောင်နေတဲ့ ကလေးလေးကို ဧကရီကလိထိုးလိုက် ထိုကလေးဆီက အသံလေးတဆာဆာထွတ်လာသည်။
" မီးငယ်က အိပ်ချင်ယောင်ဆောင်ပြီး မားကို စနေတာလေ နောက်လုပ်ဦးမလား "
" မီးငယ်က မားကိုချစ်လို့စတာပါ မားကလဲ အစက မီးငယ်ကပြောမလို့ဘဲ ဒါပေမယ့် မားရင်ခွင်ထဲမှာ နေချင်လို့ ဒီတိုင်းတိတ်တိတ်လေး လိုက်လာတာကို "
" အဲတော့ မားကလဲ မီးငယ်ကို ကလိထိုးချင်လို့လေ "
" ဟီး... ဟီး မားမလုပ်နဲ့တာ့လေ မီးငယ်မောနေပြီးလို့ "
" လာ မားရင်ခွင်ထဲကို မားနဲ့ မီးငယ် တူတူဖတ်အိပ်ကြမယ်နော် " ထိုကလေးလေးကို ရင်ခွင်ထဲထည့်ပြီး တင်းတင်းဖတ်ထားလိုက်သည်။
" မား....... မားလို့ မီးငယ်ခေါ်နေတယ်လေ မီးငယ်ကို ဘာတွေကြည့်နေတာလဲ "
" မားရဲ့မီးငယ်လေးက ချစ်ဖို့ကောင်းလို့ပေါ့မီးငယ်ရဲ့ အဲတာကြောင့် မားက အမြဲတမ်းမီးငယ်ကို တစိမ့်စိမ့်ကြည့်နေချင်တာ "
" မားကလဲ " အရှက်သည်းနေတဲ့ မီးငယ်လေးက ရင်ခွင်အထဲအတင်းတိုးဝင်ကာ ချွဲစိန်လေးလုပ်နေတော့သည်။
" မား မနက်ဖြန်အလုပ်ပိတ်တယ်ဆိုတော့ မားတို့တွေ အပြင်လျှောက်လည်ကြရအောင် "
" တကယ်လား မား မီးငယ်စားချင်တာတွေ ၀ယ်ကျွေးရမှာနော် လိုချင်တာတွေလဲ မားဝယ်ပေးရမှာနော် "
" တကယ်ပေါ့မီးငယ်လေးရဲ့ စားချင်တာစား လိုချင်တာယူ မားဝယ်ပေးမယ် ဟုတ်ပြီးလား မားတို့တွေ ကစားကွင်းလဲသွားကြမယ် မီးငယ်လေးကို လိုက်ပို့စရာတစ်နေရာလဲရှိတယ် "
" အဲတာဆို မီးငယ်တို့ အိပ်ကြရအောင်လေ မနက်ဖြန်ကို မြန်မြန်ရောက်ချင်ပြီး မီးငယ်အိပ်ပြီးနော် night kiss မွ မွ "
" night kiss babe မွ " ဧကရီလဲ ကလေးလေးရဲ့ ပါးလေးကို night kissပေးပြီး ကလေးကို ဖတ်ထား လှပတဲ့မနက်ဖြန်ကို ရောက်ဖို့ အားအင်တွေ မွေးရတော့မည်။
==========================
" မား....ပြီးပြီးလား မြန်မြန်လုပ်လေ ပြောတော့ မီးငယ်နဲ့တူတူ လျှောက်လည်မယ်ပြောပြီး မားက အိပ်ပုတ်ကြီးနေတာနဲ့ နောက်ကျနေပြီး ခုလဲရေချိုးနေတာ မပြီးတော့ဘူး " ကလေးအော်သံလေးကြားတော့ ဧကရီရယ်လိုက်မိသည်။ တကယ်ဆို အခုမှ၇နာရီတောင်မထိုးဘူး သူ့ဘာသာလောနေပြီး နောက်ကျနေပြီး ဇွတ်အော်တဲ့ကလေးကြောင့် ဧကရီရေအမြန်ချိုးပြီး ထွတ်လာရသည်။ မဟုတ်ရင် ကြာနေလို့ မင်းသမီးလေးက ကောက်တော်မူဦးမည်။
" မီးငယ်ရယ် ခုမှ ၇နာရီတောင်မထိုးသေးဘူးလေ နောက်မကျပါဘူးကွယ် မား ရေကောင်းကောင်းမချိုးရဘူး အော်လိုက်တာ အသံကိုစူးနေတာဘဲ "
" ဘာလို့ နောက်မကျရမှာလဲမားရဲ့ အခုမှ မားရေချိုးပြီးတာလေ ပြီးရင် မားက တစ်နာရီလောက်ကြာအောင်အလှပြင်ဦးမယ် မနက်စာလဲစားရဦးမယ် ဖွားဖွားကလဲ တစ်နာရီလောက် မှာတမ်းခြွေဦးမယ် မီးငယ်က ဒီနေ့အများကြီး လျှောက်လည်ပတ်ချင်တာ အချိန်မလောက်ရင် ဘယ်လိုလုပ်မလဲလို့ " တစ်ခုချင်လက်ချိုးပြီး ပြောနေတဲ့ ထိုကလေးကို ဧကရီအသည်းယားကာ ဆံပင်လေးကိုထိုးဖွပစ်လိုက်သည်။ ထိုအခါမှ စိတ်ဆိုးမာန်ဆိုးနဲ့ ခါးလေးထောက်ပြီး ရန်တွေ့တာခံလိုက်ရသည်။
" ရာ.... မားကလဲ မီးငယ်ဆံပင်တွေပွကုန်ပြီး မီးငယ်လှလှလေးပြင်ထားတာကို ပြန်လုပ်ရတော့မယ် မားကိုမခေါ်တော့ဘူး " မျက်နှာဟိုဘက်လှည့်ကာ စိတ်ကောက်နေတဲ့ ကလေးကို ဧကရီစချင်လာတာနဲ့ ကလေးရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး
" တကယ် မားကို မခေါ်တော့ဘူးပေါ့ အဲတာဆိုလဲ အပြင်မသွားတော့ပါဘူး မားကို မခေါ်တဲ့သူနဲ့ အပြင်မသွားချင်တော့ဘူး ကုမ္မဏီဘဲသွားတော့မယ် " ဧကရီအဲလိုပြောမှဘဲ ထိုကလေးက အမြင်ကပ်ဖွယ် စပ်ဖြီးဖြီးရုပ်လေးနဲ့ ဧကရီ့လက်မောင်းကြီးကို လှုပ်ရမ်းကာ ချွဲတော့သည်။
" မီးငယ်က မားကို စတာပါ မားရဲ့ မီးငယ်အရမ်းချစ်တဲ့မားကို မီးငယ်က မခေါ်ဘဲ မနေနိုင်ပါဘူးလို့ နော် နော် မီးငယ်တို့ အပြင်တူတူသွားမယ်လေနော် မား နော်လို့ "
" ဟုတ်ပါပြီးကွယ် မီးငယ်လေး အောက်ထပ်မှာ ဖွားဖွားက မနက်စာစားဖို့ စောင့်နေတယ် အောက်အရင်ဆင်းနှင့်နော် မားအ၀တ်လဲပြီး လာခဲ့မယ် "
" ဟုတ်...မား အောက်နည်းနည်းငုံ့ပေးပါလား "
" ဘာလုပ်ဖို့လဲ မီးငယ်ရဲ့ "
" နည်းနည်းငုံ့ပေးပါဆို တိုးတိုးလေးပြောစရာရှိလို့ " ဧကရီလဲ ကလေးရှေ့ ခါးနည်းနည်းကိုင်ပြီး အောက်ငုံ့ပေးလိုက်တော့
" ရွှတ် " ဧကရီရဲ့ ပါးကို ရွှတ်ခနဲ့ နမ်းပြီး အောက်ကိုပြေးဆင်းသွားသည်။ ပြေးနေရင် ပါစပ်ကလဲ အော်ချင်ရာအော်သွားသေးသည်။
" မား အရမ်းလှအောင်ပြင်မနေနဲ့နော် မားကို သူများတွေကြည့်တာ မီးငယ်မကြိုက်ဘူး မားက မားငယ်လေးအပိုင် " မီးငယ်လေးဆင်းသွားပြီးတော့ ဧကရီလဲပြင်ဆင်အ၀တ်လဲပြီးတာနဲ့ အောက်ဆင်းလာတော့ မေမေနဲ့ မီးငယ်လေး ထမင်းစားခန်းမှာ မနက်စာစားရန် ဧကရီကိုစောင့်နေကြသည်။ ဧကရီလဲ မေမေ့ကို တစ်ချက်ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
" မောနင်း မေမေ "
" မောနင်း သမီးလေး၊ သမီးတို့ ဒီနေ့ အပြင်သွားကြမလို့လား "
" ဟုတ်တယ်မေမေ အမေ့မြေးက လျှောက်လည်မလို့တဲ့လေ အဲတာလိုက်ပို့ပေးမလို့မေမေ "
" ဒီနေ့ သမီးကြီးဥမ္မာဆုံးတာ သုံးလပြည့်တဲ့နေ့မလားသမီး "
" သမီးသိတယ်မေမေ အဲတာကြောင့် ဒီနေ့ မီးငယ်ကို ခေါ်သွားပြီး မမနဲ့ ခဲအိုကို တူတူသွားတွေ့မှာပါ မီးငယ်လဲ သူ့ဖေဖေနဲ့ မေမေကို တွေ့ချင်နေတာ "
" ကောင်းတာပေါ့သမီးရယ် ကားကိုဂရုစိုက်ပြီးမောင်းနော်သမီးလေး "
" ဖွားဖွားရဲ့ မြေးလေး မားနဲ့အတူတူ ပျော်ပျော်ကြီးလျှောက်လည်ခဲ့နော် "
" ဟုတ် ဖွားဖွားအတွက်လည်း မီးငယ် မုန့်မုန့်တွေ အများကြီး ၀ယ်လားခဲ့မယ်နော် "
" ဟား... ဟာ... ဟုတ်ပါပြီး အဲတာကြောင့်ဖွားဖွားက ဖွားဖွားမြေးလေးကို အရမ်းချစ်ရတာ "
" ဟီး... မီးငယ်လဲ ဖွားဖွားကို အရမ်းချစ်တာ အာဘွား "
========================
ကားလေးက ပေတစ်ရာလမ်းမထက်မှာ တ၀ီးဝီးပြေးနေသည်။ ကားထဲမှာ တည်တည်ငြိမ်ငြိမ်ကားမောင်းနေတဲ့သူတစ်ယောက်နဲ့ ပျော်ရွှင်မြူးထူးပြီး လိုက်ပါတဲ့ကလေးတစ်ယောက်၊ သေချာတာပေါ့ ဧကရီနဲ့ ဧကရီချစ်ရတဲ့ မီးငယ်လေး စောနှင်းဖွင့်ဖြူ ( မီးငယ်လေးရဲ့နာမည်ကို ထည့်မရေးတာနဲ့ဘဲ မေ့နေကြပြီးလား ဒါဒါတို့ ) ။
" မား မီးငယ်တို့ ဘယ်ကိုအရင်သွားမှာလဲဟင် ကစားကွင်းအရင်သွားမှာလား "
" ကစားကွင်းကို ပြီးရင်သွားမယ်လေ အခုကျောင်းကိုအရင်သွားကြမယ် မီးငယ်လေး ကျောင်းတတ်ချင်တယ်လို့ မားကို ပြောတယ်မလား အဲတာကြောင့် မီးငယ်လေးကို ကျောင်းအပ်ပေးမယ် " ဧကရီပြောလိုက်တာကြောင့် ကလေးရဲ့ မျက်နှာလေးဝင်းလက်သွားသည်။
" တကယ်လား မား အဲတာဆို မီးငယ်ကျောင်းတတ်ရတော့မှာပေါ့ ပျော်လိုက်တာ သူငယ်ချင်းတွေ အများကြီးရတော့မယ် ဟေး..... " လက်သီးလက်မောင်းတန်းပြီး ပျော်နေတဲ့မီးငယ်ကြောင့် ဧကရီပါ အပျော်တွေကူးစက်လာသည်။
" ကျောင်းအပ်ပြီးသွားရင် ကျောင်းတတ်ဖို့အတွက် လိုအပ်တာလေးတွေ ၀ယ်ဖို့ မားတို့တွေ shopping ထွတ်ကြမယ်ပြီးရင် မီးငယ်သွားချင်တဲ့နေရာသွား မားလိုက်ပို့ပေးမယ်နော် "
" ဟီး... အဲတာကြောင့် မားကို မီးငယ်အရမ်းချစ်ရတာ "
" မီးငယ် ငြိမ်ငြိမ်လေးနေနော် မားကားမောင်းနေတယ် "
" ဟုတ်..... မား "
မီးငယ်လေးကို ဧကရီကျောင်းအပ်၊လိုအပ်တာတွေ ၀ယ်ပြီးတာနဲ့ ကစားကွင်းလိုက်ပို့ပေးသည်။ ကစားကွင်းထဲမှာ ပြေးလွှားနေတဲ့ မီးငယ်လေးကိုကြည့်ပြီး ဧကရီဝမ်းသာကြည်နူးနေရသည်။ မီးငယ်လေးကို အခုလို ပြေးလွှားဆော့ကစားပြီး ပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ် အမြဲတမ်းမြင်နေရဖို့အတွက် ဧကရီဘာမဆို စွန့်လွှတ်ဖို့ အသင့်ရှိသည်။ ဧကရီရဲ့ဘ၀တစ်ခုလုံး မီးငယ်လေးအတွက် အမြဲတမ်းပေးဆပ်ချင်သည်။ ကလေးကိုကြည့်ပြီး ဧကရီဘယ်လောက်တောင် အတွေးလွန်နေလဲမသိ၊ ကလေးက ဧကရီလက်ကို ဆွဲလှုပ်တော့မှ အသိဝင်လာသည်။
" မား ဘာတွေအဲလောက်တွေးနေတာလဲ မီးငယ် ခေါ်နေတာကြာလှပြီး "
" ဟုတ်လား မီးငယ်လေး sorry မား အတွေးနည်းနည်းလွန်သွားလို့ပါ မားရဲ့မီးငယ်လေး မောနေပြီးလား ချွေးတွေချည်ဘဲ ကြည့်ပါဦး လာ မားသုတ်ပေးမယ် " ကလေးရဲ့ နဖူးစပ်က ချွေးသီးတွေကို ဧကရီ တစ်သျှူးပါးလေးနဲ့သုတ်ပေးပြီးတော့ ပါးချိုင့်လေးတွေကို မြတ်မြတ်နိုးနိုး နမ်းရှိုင်းလိုက်သည်။
" မား မီးငယ်လေးဆော့လိုက်တာ မောသွားပြီး ခုဗိုက်ဆာနေတယ် မီးငယ်ကိုတစ်ခုခုဝယ်ကျွေး "
" မားဝယ်ကျွေးမှာပေါ့ မီးငယ် ဘာစားချင်လဲ မားကိုပြောလေ "
" ဟမ်ပါကာနဲ့ မစ်ရှိုတ် စားမယ် "
" အိုကေ ကားပေါ်မှာစားလို့ရအောင် မားတို့ဝယ်သွားကြမယ် မီးငယ်လေးကို မားတစ်နေရာခေါ်သွားစရာရှိသေးလို့ "
" ဟုတ်... မား သွားကြမယ်လေ ဟီး... " .....
မမနဲ့ခဲအိုရဲ့ အုတ်ဂူရှေ့တွင်ဖြစ်သည်။
" မမ ဧကရီတို့လာတယ် သမီးလေးခေါ်လာတယ် မမလည်း သမီးလေးကို လွမ်းနေမှာဘဲနော် " ကလေးလည်း သူဖေဖေနဲ့ မေမေကို စိုက်ကြည့်နေတာ ကလေးရဲ့မျက်လုံးက မျက်ရည်စတွေကို သတိထားမိသည်။ ကလေးလဲဝမ်းနည်းနေမှာပေါ့လေ။ ကလေးကို ဧကရီပွေ့ဖတ်ပြီးတော့ ကျောလေးပုတ်ပေးကာ
" မီးငယ်လေး ဖေဖေနဲ့မေမေကို နှုတ်ဆတ်လိုက်ဦးလေ မားနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် လိမ်လိမ်မာမာ နေပါ့မယ်လို့ ပြောလိုက်နော် မီးငယ်လေး "
=======================
ဆယ်နှစ်ခန့်ကြာပြီးနောက်
" ဖေဖေနဲ့ မေမေ သမီးလာတယ်လေ၊ ဖေဖေနဲ့မေမေကော အဆင်ပြေရဲ့လား၊ သမီးတစ်ခါတလေ ဖေဖေနဲ့ မေမေကို သတိရတယ်သိလား မားကတော့ သမီးကို ဂရုစိုက်ပါတယ် ဖေဖေနဲ့ မေမေကိုယ်စားပါ အများကြီးချစ်ပေးတယ် " နွေးထွေးတဲ့လက်တစ်စုံရဲ့ အထိအတွေ့ကြောင့် လှည့်ကြည့်လိုက်တော့ မီးငယ်ချစ်ရတဲ့ မားရယ်ပါ။ မားရဲ့အပြုံးတွေက မီးငယ်ရဲ့ရင်ကို အေးချမ်းစေတယ်။ ဖေဖေနဲ့ မေမေမရှိတဲ့ ဆယ်နှစ်တာအတွင်းမှာ မီးငယ်ရဲ့ဘ၀က မားစောင့်ရှောက်မှုအောက်မှာ လုံခြုံခဲ့တယ်။ မားကတော့ မီးငယ်နဲ့ ပတ်သတ်ရင် ဂုဏ်ယူနေရတဲ့ဟန်ပန်မျိုးနဲ့
" မမ သိလား မီးငယ်လေးက အရမ်းတော်တယ်၊ ကျောင်းမှာဆို အမြဲတမ်း အဆင့်တစ်ရတယ် မမနဲ့တူတာ ညဏ်လဲအရမ်းကောင်းတယ် ခုဆို မီးငယ်က ဆယ်တန်းကျောင်းသူကြီးတောင်ဖြစ်နေပြီး မမနဲ့ခဲအို မီးငယ်လေးကို ဧကရီကောင်းကောင်း ပျိုးထောင်မှာပါ အခုလဲ မီးငယ်လေးက လှလှပပ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာတာမို့ စိတ်ချလက်ချနေတော့နော် " ဧကရီ ပြောနေတာတွေကို ပြုံးပြီးနားထောင်နေတဲ့ မီးငယ်လေး မျက်စိတစ်မှိတ်အတွင်းမှာတင် မီးငယ်လေးတောင် အသက်ဆယ့်ငါးနှစ်ပြည့်ခဲ့ပြီး အရင်လို ကစားကွင်းမှာ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူး လှဖြိုးကြွယ်တဲ့ ဆယ်တန်းကျောင်းသူတစ်ယောက်ဖြစ်နေပြီး။ ဆယ်တန်းကျောင်းသူလေးဖြစ်နေပေမယ့် ဧကရီအပေါ်မှာတော့ ကလေးတစ်ယောက်လို ဆိုးနွဲ့နေတုန်းပင်။ ကလေးရဲ့လက်ကလေးတွေကို ပိုတင်းအောင် ဆုတ်ကိုင်ထားလိုက်ပြီး
" မီးငယ်လေး မားတို့ ပြန်ကြရအောင် အိမ်မှာ ဖွားဖွားနဲ့ မီးငယ်သူငယ်ချင်းတွေ စောင့်နေကြလိမ့်မယ် ဒီနေ့မီးငယ်လေးရဲ့ ဆယ့်ငါးနှစ်ပြည့်မွေးနေ့ဆိုတော့ မီးငယ်လေးကို စပရိုက်တိုက်မလို့ ပြင်ဆင်ထားကြတယ် "
" ဟုတ် မား... ပြန်ကြမယ်နော် "
========================
မီးငယ်လေးကြီးပါပြီးနော်။ နောက်အပိုင်းတွေမှာ အရံဇာတ်ကောင်လေးတွေ ပါလာတော့မှာမို့ စောင့်ကြည့်ပေးကြပါဦးနော် ခုရှိတဲ့ ဇာတ်ကောင်နှစ်ယောက်က mainဇာတ်ကောင်တွေပါနော် မား ဧကရီ နဲ့ မီးငယ်လေး စောနှင်းပွင့်ဖြူပါနော် မှတ်မိအောင် မှတ်ထားကြနော် ဒါဒါလေးတွေဆီ review တွေ မျှော်နေမယ်နော်။ updateလေးတွေ ကြာသွားလို့ sorryနော် 😁😁😁 စိတ်တိုင်းမကျလို့ ဖျက်လိုက်ရေးလိုက်နဲ့ ကြာသွားတာပါ
စာတွေပြန်မစစ်ထားလို့ အမှားပါရင် သည်းခံပြီး ဖတ်ပေးနော်ရှင့်
YOU ARE READING
မားရဲ့ မီးငယ်လေး (Completed )
RomanceGL Story Unicode နဲ့ရော Zawgyi နဲ့ရော နှစ်မျိုးလုံးနဲ့ ရေးပေးထားလို့ စာဖတ်သူတွေ အဆင်ပြေကြပါစေ