'ချစ်ပါရစေတေ့ာကွယ်'_____ အခန်း ၁၆
'မမ ငယ်လေး ရော '
'ငယ်လေးရော အဖေရော မင်္ဂလာဆောင် အိမ်မှာ '
'ကျွန်တော်လည်း သွားတေ့ာမလို့ '
'ခုမှ ရောက်တာ နေပါဦး '
စုပြောတာဂရုမစိုက် သူပြောချင်ရာသာပြန်ပြောသည်
'မမမြင့်မိုရ် အဆင်ပြေတယ် မဟုတ်လား '
'ဟင်....အင်း ပြေပါတယ် '
'ကျွန်တော်သွားဦးမယ် မမ မမတို့ရော '
'မမစု တို့ ရေချိုးပြီး လာမှာ အိမ်မှာဘာမှမချက်ဘူးတစ်အိမ်လုံး အဲ့မှာ စားကြမှာ '
ရေချိုးဖို့ပြင်တေ့ာ သူအရင်ချိူး ငါအရင်ချိူးနဲ့ ငြင်းခုန်ရသေး၏ ခုတလော သူ မမကို လိုက်စချင်နေမိသည်
မမက ထမိန်ရင်လျှားကာ တဘက်ပတ်လျက်ရေချိုးကန်နား
ဆင်းသွားတဲ့အထိ သူ ထိုင်ရာက မထမိ
ရေချိူးခန်းနဲ့ မဟုတ်ဘဲ သူ တစ်ခါမှ ရေမချိူးဘူးတာမို့ အခုဘယ်လိုစပြီးရေချိူးဖို့ပြင်ရမလဲမသိတေ့ာပေ။သူမရေချိူးပြီး ပြန်တက်လာတဲ့ထိ ဟိုကလေးထိုင်ရာကမထသေး
'ဟင် ထတေ့ာလေ ရေချိူးလို့ ဆို'.
'အင်္ကျီတွေ ဘောင်းဘီတွေ ချွတ်ထားခဲ့ နောက်မှ မမလျှော်မယ်'
'ဟုတ်ကဲ့ မမ '
ရေချိူးရတာ ဘာအကာအရံမှ မပါဘူးထင်ထားလို့ရေချိုးရမှာ ကြောက်နေမိတာ
ရေချိူးကန်နားရောက်တေ့ာမှ စင်နဲ့ တင်ထားတဲ့နွယ်ပင်တွေကအစီအရီတွဲလောင်းကျနေတာတွေ့ရသည်ဘာပင်တွေလဲ မသိ
အပြင်ကကြည့်ရင် အထဲကို မမြင်ရ အထဲရောက်တေ့ာလည်း
အပြင်ကို မမြင်ရ နွယ်တွေအများကြီး အုံထူတာမို့အပင်တွေအများကြီးလို့ ထင်ထားပေမယ့်အုတ်ကန်ခြေက အပင်ကို သေချာမြင်ရမှအပင်ကတစ်ပင်တည်း ဖြစ်နေသည် မဆိုးဘူး ပဲရေချိူးခန်းလေးနဲ့ပင် တူသေးသည်
သူ ရေကို ခေါင်းပါလောင်းချိူးပစ်လိုက်သည်။'မမရေ မမ ကိုယ် ခေါင်းလျှော်လိုက်တယ် '
မမက သနပ်ခါးအဖွေးသားနှင့် မျက်ခုံးနှစ်ဖက်ကို စုကျုံ့ကာကိုယ့်ကိုယ်ကြည့်နေသည်