အခန်း ၁၉

1.7K 108 0
                                    

'ချစ်ပါရစေတေ့ာကွယ်_____' အခန်း ၁၉

'မမရာ မျက်နှာကြီးကလည်း သုန်မှုန်နေတာပဲ
ရန်ကုန်ပြန်ရတေ့ာမှာမို့လား လာတုန်းကလည်း
ကြိုသွား နှင့်တာ နေခဲ့လို့မရဘူး
တစ်ခါတည်းလိုက်ခဲ့ရမှာ နော် '

'ကိုယ် မခွဲနိုင်ဘူး နေခဲ့ဖို့ မစဉ်းစားနဲ့ '

'.......'

'ကိုယ် သွားဦးမယ် လိုက်မခေါ်နဲ့တေ့ာ ဟိုက တစ်ယောက်ယောက်ကိုပြန် ပို့ခိုင်းလိုက်မယ် "

မင်္ဂလာပွဲကိစ္စတွေနဲ့ ရှုပ်နေလို့ မိသားစုနှစ်ခု
စကားအေးဆေးမပြောရသေးလို့ ဟုဆိုကာ အေး တို့အိမ်ကသူ့ကိုလာခေါ်သွားသည်

သူမတို့မိသားစုလည်းဘာထူးလဲ ခုမှ လူစုံရတာမနက်ဖြန်ဆို ကိုလတ်လည်း ပြန်ရတေ့ာမှာဖြစ်သည်

'ငယ်လေး ထမင်းချက်တာ ပြီးပြီလား'

'ပြီးပြီ မမစု ခနနားပြီး ငယ် ရေချိူးတေ့ာမလို့ '

'အဖေနဲ့ ကိုလတ် စကားပြောနေတာထင်တယ်မမသွားဦးမယ် ငယ်လည်း လာခဲ့နော် '

'မမ လာဗျ ထိုင် '

'အဖေကပြောနေတယ် တောင်သူလုပ်တာတောင်
အရင်းနှီးရှိမှဖြစ်တာတဲ့ ဒီနှစ် မြေဆီမြေဩဇာ
ကောင်းတေ့ာ ယာထွက်သီးနှံလည်းရ
လယ်လည်းကောင်းတယ် တဲ့ '

သူမ အဖေ့ကို လှမ်းကြည့်တေ့ာအဖေ့မျက်နှာက ပြုံးတုံ့တုံ့

'အဲ့ဒါ မမကြောင့်ပါ မမက ကျောင်းစရိတ်တင်မကဘူးအိမ်စရိတ်ပါ ရှာနိုင်လို့ '

'ဒါက မမတာဝန်ဆိုလည်းဟုတ်တယ် ဝတ္တရားလည်း ရှိတယ်လေ အဆင်ပြေတာသိရတေ့ာ မမဝမ်းသာတယ်
ပင်လည်းမပင်ပန်းတေ့ာ ဘူး
ဒါပေမယ့် မြင့်မိုရ်အများကြီး ကူညီခဲ့လို့ပါ "

'သူလည်း အဖေတို့မိသားစုအတွက် ကျေးဇူးကြီး တယ်
အေး ကလည်းပြောပါတယ် အဲ့ခလေးက သမီးအပေါ်ကို
သူ့ထက်တောင် ကောင်းတယ် ဂရုစိုက်ရှာတယ် တဲ့

စိတ်ချလို့ လွှတ်ရတယ် မဟုတ်ပေမယ့် စိတ်ချရတေ့ာ
တော်သေးတာပေါ့ သမီးရယ်'

'ကျွန်တော် ကျောင်းပိတ်ရင်တေ့ာ မမပြန်လာ နော် '

သူမ ဘယ်လိုမှ ပြန်မဖြေတတ်၍ နုတ်ဆိတ်နေလိုက်၏

"ချစ်ပါရစေတေ့ာကွယ်"Where stories live. Discover now