မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ ၅

2 0 0
                                    


" ဘယ်တွေသွားနေတာလဲ.....နေ့သစ် "

သူ့ဆီကိုခပ်မြန်မြန် လျှောက်လာနေတဲ့
ဆရာ့ကို သေချာစိုက်ကြည့်မိရင်း အတွေးတခုပေါ်လာသည်။အလုပ်ဝင်ခါစက ခွဲစိတ်တာတအားတော်လို့ဆိုပြီး နာမည်ရတဲ့ ဆရာနဲ့အတူoperation
၀င်ရရင် အရမ်းပျော်ခဲ့ရတာ။အခုလို
ကျွန်တော့ ပခုံးကိုအတင်းအကြပ်ဆုပ် ကိုင်နေတဲ့လက်တစုံကို အရင်ကတော့တကယ်ကိုအားကျခဲ့တာပါ။

" ပျင်းနေတာနဲ့ ကိုရဲရင့်သွေးနဲ့စကားသွားပြောနေတာ "

" ပြန်လာလာချင်း မင်းကိုမတွေ့တာနဲ့စိတ်ပူသွားတာ "

" ဘာတွေ ဝယ်လာတာလဲ "

" ဆေးရုံကအပြန် လမ်းကြုံတာနဲ့ဝယ်ခဲ့တာ "

" အင်း "

ညစာစားပြီးနောက်ဧည့်ခန်းထဲတွင် TV ထိုင်ကြည့်နေရင်းနေ့သစ် သူဝယ်လာပေးတဲ့ကိတ်မုန့်ကို အိတ်ထဲကထုတ်ပြီး
ကြည့်လိုက်သည်။နေ့သစ် စားနေကျ vanilla cake ပဲ။မုန့်စားပြီးနာရီကို
ကြည့်လိုက်တော့ ည ၇နာရီထိုးနေပြီ။လူကသာTV မှာလာနေတဲ့ ဇတ်ကားကိုကြည့်နေပေမဲ့ စိတ်ကတော့ memory stick ကိုဘယ်လိုရှာရမလဲ တွေးနေမိသည်။

" နေ့သစ်.....နေ့သစ် "

" ဟင် "

" ဘာတွေ တွေးနေတာလဲ။ကိုယ်ပြောတာကိုရောနားထောင်နေရဲ့လား "

" ဟင်....ဒီတိုင်းနားရက်ရတုန်း စာအုပ်သွားဝယ်ရင်ကောင်းမလားတွေးနေတာ။ဒါနဲ့ ဆရာ ဘာပြောလိုက်တာလဲ "

" ဒီနှစ်ကုန်ရင် Canada သွားရအောင်။ကို့အစ်ကိုတို့က အဲ့မှာနေနေတာ "

" အမ်....ခရီးက အရမ်းဝေးမယ်ထင်တယ် "

" လေယာဥ် အကြာကြီးစီးရတာမကြိုက်ဘူးလား "

" မကြိုက်တာထက်တခါမှ မှမစီးဘူး
တာ "

" အဲ့မှာ အရမ်းလှတယ်။အထူးသဖြင့် လျှောက်လည်စရာနေရာတွေ များ
တယ် "

" ဆရာ ကအဲ့ကိုအလည်သွားနေကျ
လား "

" အင်း။၁နှစ်ကို ၁ ခေါက်လောက်ပေါ့။Daddy တို့ကလည်း အဲ့မှာနေတာလေ "

" အော် "

" ကိုမင်းကို ကို့မိသားစုနဲ့မိတ်ဆက်ပေးချင်တယ်။ပြီးရင်ကိုယ်တို့ အဲ့မှာတခါတည်းလက်ထပ်ရအောင် "

မင်းဖန်ဆင်းတဲ့ ရင်ခုန်သံWhere stories live. Discover now