"ချစ်ပါရစေတေ့ာကွယ်' အခန်း ၂၀
တရိပ်ရိပ်ပြေးနေတဲ့ကားလေးပေါ်မှာ အတွေးကိုယ်စီဖြင့်
ငြိမ်သက်နေလျက် ဒရိုင်ဘာရှိလို့ သာ ဘာမှ မပြောတာ
ဖေဖေ သူ့ကို စိတ်ဆိုးနေတာ သိပါတယ် ဒီအခြေအနေကို
ကြိုတင်တွက်ဆထားပြီးသား ဆိုသော်လည်း တွေးထားခဲ့တာကမိဘအသိုင်းအဝိုင်း သဘောမတူ လို့ ပစ်ပယ်တဲ့အခါ
မမနဲ့ အတူရင်ဆိုင်ဖို့ တကယ်တမ်းဖြစ်လာတေ့ာ မမ မပါ
မမနဲ့ ဝေးခဲ့ရပြီ...အိပ်မက်ဖြစ်စေချင်ပေမယ့်
တကယ်ခွဲခဲ့ရပြီဖြစ်သည်။ဒီအချိန် မမ ဘာလုပ်နေမလဲ
ငိုနေမလား မမက ငိုနေမှာ ပါ ဝမ်းနည်းတာကို
မျက်ရည်အဖြစ် မဖော်ပြတတ်တဲ့ သူ့မှာသာ
ဖြေလို့မပြေတဲ့ ဝေဒနာတွေ ရင်မှာပိုက်ထားရသည်။ခရီးတစ်ဝက်သာ ရောက်လာတယ် မမ နောက်ကများ လိုက်လာလေမလားဆိုတဲ့ မျှော်လင့်ချက်က ပျောက်ပျက်မသွားခဲ့
ကိုယ် မခွဲနိုင်ပါဘူးလို့ ပြောခဲ့ပါရက်နဲ့ မမရယ် .....
++++++
ဖြစ်ပျက်သွားတာ မယုံနိုင် စရာ
စု ဘာလို့ ပြန်လိုက်မသွားတာလဲလို့ အဖေမေးတေ့ာငယ်က မခွဲနိုင်သေးလို့တားထားတာ ဟု ဖြေလေသည်
သူမညီမလေးက သူမ မျက်နှာညိုမှာ စိုးရွံ့စွာ
အရိပ်တကြည့်ကြည့်တိုးတိုးတိတ်တိတ် ဖြစ်သွားသလိုနဲ့ သူမတို့ကိစ္စကို
မသိလိုက်သူ မရှိတာမို့ အဖေလည်းကြားမှာ ပါစု သေတာသေလိုက်ချင်တေ့ာသည်
သူနဲ့မနီးရရင် မထူးစိတ်ပိုက်လိုက်တေ့ာမည်
သူနဲ့ဝေးရတာထက် သေရတာက ကောင်းဦးမယ်မဟုတ်လား
တစ်နေ့တစ်နေ့ တွေးလိုက် ငိုလိုက်နဲ့ လုံးလည်ချာလည်လိုက်နေတေ့ာသည် သူနဲ့ ဘယ်လိုဆက်သွယ် ရမည်ပင် မသိ
သူ ဝယ်ပေးထားတဲ့ဖုန်းလေးကလည်း အိမ်မှာလိုင်းမမိ'ငယ် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်ပြောထားရက်နဲ့ တမှိုင်မှိုင်
လုပ်မနေနဲ့ လေ အဖေ လည်း ဖွင့်တာ မမေးတာ သိတယ် မမရဲ့"အဖေက ဘာမှ မပြောတာပဲ တော်သေးတယ် မမ ဒီလိုချည်းလုပ်နေတာ မဟုတ်သေးဘူး '