Misaki ရဲ့တည်ရှိမှုဟာ ကမ္ဘာငယ်လေးတွေအတွက်တော့ အသက်ကယ်သင်္ဘောလို နောက်ဆုံးလွတ်မြောက်ရာအခွင့်အလမ်းဖြစ်သည်။ ကမ္ဘာတစ်ခုချင်းစီတိုင်းတွင် အစစ်အမှန်မွေးဖွားလာပြီး ထိုကမ္ဘာတည်မြဲစေရန် တာဝန်ထမ်းဆောင်လိမ့်မည်။ ထို့ကြောင့် misaki ၏နည်းလမ်းများမှာ ရုံးချုပ်မှ ကူးပြောင်းလာသူများနှင့် အလွန်ကွဲပြားပြီး အမြင်များလည်းမတူညီကြပါ။ Robert ၏မျက်လုံးများသည် သူ့ကိုယ်သူအတွက်သာကြည့်ပြီး ဒီကမ္ဘာရှိလူများမှာ သူ့အတွက်တော့ စက္ကူထက်တွင်ဖော်ပြထားသည့် စာလုံးအနည်းငယ်အပြင်မပိုပါ။ သူသည် ဇာတ်လိုက်မ၏ခံစားချက်များကို ကိုယ့်အကျိုး လှည့်ဖျားခဲ့ပြီး ထိုအတွက် အပြစ်ရှိစိတ်ကိုလည်း မခံစားရပေ။ ထို့ကြောင့် misaki နှင့် ရုံးချုပ်ကလူများအကြား ဆက်ဆံရေးမှာ သိပ်မကောင်းလှပါ။
ကိုယ့်ကိုယ်ကိုယ် ဒီကမ္ဘာ၏အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားသော misaki အတွက်ကတော့ ထိုလူများသည် သူမ၏လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော်လည်း သူမအိမ်ကို ဖရိုဖရဲဖြစ်အောင်လုပ်ပြီး အကျိုးအမြတ်ရယူလိုသူများနှင့် မခြားပါပေ။ ရုံးချုပ်မှလူများကလည်း ထိုနည်းတူပင်။ misakiမှာ ကိုယ်တိုင်က ကူးပြောင်းသူဖြစ်နေပြီး အတုအယောင်၌ ခုံမင်လွန်းနေသည်ဟု ထင်ကြသည်။ ရုံးချုပ်နှင့် စောင့်ရှောက်သူများကြားတွင်လည်း အတောမသတ်သော ပဋိပက္ခများ ရှိနေကြပြီး နှစ်ဦးနှစ်ဖက်လုံးအတွက် misaki သည် ပေါင်းကူးတံတားဖြစ်သည်။ ထို့ကြောင့် အချင်းချင်း အမြင်မကြည်လျှင်တောင် ရုံးချုပ်မှ ကူးပြောင်းသူများသည် misaki အား မျက်နှာသာပေးကို ပေးရမည်ဖြစ်သည်။ နောက်ခံကို ထည့်မပြောခင် သူမက ဘယ်လိုလူလဲဆိုတာ အရင်ပြန်စဉ်းစားကြည့်လိုက်ဦး။ အိုမင်းနှစ်ချို့နေပြီဖြစ်တဲ့ တစ္ဆေလိုမိန်းမကို ဘယ်သူက အာခံချင်မှာလဲ။
သို့သော် Robert ၏ system မှာ သူမအား သတိပြုမိခြင်းမရှိခဲ့သလို William သည်လည်း system ပင်မပါဘဲ ကူးပြောင်းလာခဲ့သည်။ misaki သည် မရည်ရွယ်ဘဲ ရုံးချုပ်၏လျှို့ဝှက်ချက်များကို တူးဖော်မိနေသည်ဟု ခံစားရသည်။ တခြားလူဆိုလျှင် သေတွင်းတူးမိသလို ပျာယာခတ်နေလောက်ပေမယ့် misaki သည် နဂိုထဲက ရုံးချုပ်အပေါ် အမြင်ကောင်းမရှိဖူးလေရာ William သာ ပါဝင်ပတ်သတ်မနေခဲ့လျှင် အစောကြီးထဲက ဒီကစားပွဲကနေ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။
ESTÁS LEYENDO
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.