ဒီနေ့ဟာ ဟန်ဒုန်းမင်းရဲ့၈နှစ်ပြည့်မွေးနေ့ ။ ဒီနှစ်မွေးနေ့လည်းသူတစ်ယောက်ထဲပဲဖြစ်တယ် ။ ငယ်ငယ်တည်းကသူဟာတစ်ယောက်ထဲနေရသည် ။
ဒုန်းမင်းအနေနဲ့မိဘတွေကို တွေ့ရတာအလွန်ရှားပါသည် ။ သုံးလနေမှတစ်ခါသာတွေ့ရသည်။ တစ်ခါတစ်လေဆိုဒီထက် ပိုကြာသည် ။ သေချာမသိပေးမဲ့ သူ့မိဘတွေဟာ လုပ်ငန်းကြီးတွေလုပ်နေကြတဲ့သူတွေမို့ လုပ်ငန်းအများစုရှိရာ ကိုရီးယားမှာသာနေကြသည် ။ ကိုရီးယားလူမျိူးစစ်စစ်ဖြစ်တဲ့သူ့ကိုတော့ ဘာလို့ Wintertur Switzalandမှာပဲ နေစေလဲမသိပါ။ တစ်အိမ်လုံးမယ် သူရယ် သူ့ကိုစောင့်ရှောက်ပေးတဲ့ကိုရီးယားလူမျိုး အန်တီကြီးရယ်သာရှိသည်။
အခုတော့ သူ့မွေးနေ့ကိုဖြတ်သန်းဖို့ Krust Museumကိုအန်တီနဲ့အတူရောက်နေတာဖြစ်တယ် ။
ဒုန်းမင်းရယ် ပန်းချီကားတွေကိုလျှောက်ပတ်ကြည့်နေရင် ပန်းချီကားတစ်ခုရဲ့အရှေ့မှာ ထိုင်ပြီးပုံထိုင်ဆွဲနေတဲ့ သူ့အရွယ်ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည် ။
သူကြည့်နေတုန်းမှာပဲ ထိုကောင်လေးကလည်းမော့ကြည့်လာတော့ သူ့ကိုမြင်တော့ အပြန်လှန်စိုက်ကြည့်နေကြမိသည် ။
အဲ့ကောင်လေးကသူ့ကိုရယ်ပြလာတော့ သူလည်းထိုကောင်လေးနားသွားထိုင်ကာ စကားစပြောလိုက်သည် ။
"ကိုရီးယားလူမျိုးမလား"
"အင်း မင်းရောလား "
"အင်း ဒါပထမဆုံးပဲ ။ဒီနေရာမှာငါနဲ့လူမျိုးတူတဲ့သူတွေ့ဖူးတာ ။ ငါ ဟန်ဒုန်းမင်း အသက်၈နှစ် ဒီနေ့ပြည့်တာ "
" ငါ ကင်ဒုန်းဟွန်း အသက်က၇နှစ် ၁၀လပိုင်းမှ၈နှစ်ပြည့်မှာ ။ အခု ငါတို့သူငယ်ချင်းဖြစ်သွားပြီမလား "
"အင်း ဒါပေါ့ "
သူ့အဖြေကိုကြားပြီနောက်မှာ ဒုန်းဟွန်းက ခုနကသူဆွဲထားတဲ့ပုံကို အားရပါးရပြုံးက ပြလာသည် ။
"ငါ့ပုံလည်းဆွဲပေးပါလား "
သူအဲ့လိုပြောတော့ ဒုန်းဟွန်းကခေါင်းငုံကာဆွဲလေသည်။ သူကတော့ သူ့ကိုကြည့်လိုက်ဆွဲလိုက်နဲ့အလုပ်ရှုပ်နေတဲ့ဒုန်းဟွန်းကိုပဲ ငေးနေမိသည် ။