အခန်း ၂၁

1.9K 109 6
                                    

'ချစ်ပါရစေတေ့ာကွယ်' အခန်း ၂၁

သင်တန်းဆင်း ပြီး ပြတင်းပေါက်တွေ ပိတ်
သိမ်းစရာရှိတာ သိမ်းရသည် ကျောင်းအုပ်လည်း သူအလုပ်သမားလည်း သူ မဟုတ်ပါလားကိုကို့ ပိုက်ဆံ ကို ပြန်ပေးချင်တာမို့ ငွေကို ရှာတာရှာနေရသည် မသုံးရက်။

သင်တန်းဖွင့်တာနဲ့ ပတ်သက်ပြီး
အခက်အခက်တွေရှိခဲ့ပေမယ့် သဇင့်အကူအညီနဲ့ အဆင်ပြေပြေ ရှိလှသည် ခုဆို 'မြင့်မိုရ်ဦး' ဆိုပြီး
Lcci သင်တန်းတွေထဲမှာ နာမည်အတော်အသင့် ရလာ၏။

'မြင့်မိုရ် '

'ဟ လန့်လိုက်တာ '

'ဘာတုန်း '

'ငါ ချိန်းထားတာ ရှိလို့ မနက်ဖြန်ငါနဲ့ လိုက်ခဲ့ပေးပါလား '

'ငါ မအားဘူး'

'ပိတ်ရက်ကြီးကို '

'ငါ မမနဲ့ဖုန်းချိန်းထားတယ် ခွဲနေရတဲ့ ငါးလအတွင်းပထမဆုံး အခွင့်ရေး ဟ '

'နင်ကလည်း လူပဲ လိုက်ခဲ့ပေးလေ အဲ့မှာဖုန်းပြောလို့ရတာပဲ'

'ဘယ်သူနဲ့ ချိန်းထားလို့ လဲ '

'ငါ ဟိုတခါ ချိန်းတုန်းက သွားမတွေ့ဖြစ်တဲ့တစ်ယောက်လေ'

'ငါတို့ သင်တန်း စဖွင့်တုန်း ကလား '

သဇင်က ခေါင်းငြိမ့်ပြသည်
ဒုက္ခပါပဲ အဲ့တုန်းကလည်း
သင်တန်းက ဖွင့်ခါစမို့ နေ့မအား ညမအား
သဇင်အလုပ်ကြိုးစားခဲ့ရတာ ကြောင့် ချိန်းထားတာပျက်သွားခဲ့တာ ခုလည်းတိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာရပြန်သည်။

'နင်တို့ ဘယ်လိုပြန်အဆက်အသွယ်ရသွားလဲ '

'ငါ ဟိုနေ့က အင်တာနက်ဆိုင် သွားခဲ့လို့ ဟ
သူက ပြန်ချိန်းတာ '

'အယ် အဲ့မှာ သတင်းကောင်းတောင်‌ ရလာတယ် သိလား'

'ငါတို့ဆီမှာလည်း အင်တာနက်ကို မိုဘိုင်းဖုန်းနဲ့ သုံးလို့ ရတေ့ာမှာတဲ့ ဟ "

'ဖုန်းကတ်တွေလည်း ဈေးကျတေ့ာ မှာတဲ့ '

'အဲ့ဒါ ဝမ်းသာစရာ ပေါ့ ငါ မနက်ဖြန် လိုက်ခဲ့မယ်လေ'

'အင်းပါ ကျေးဇူးငါ့ရဲ့ မိုရ်လေး '

+++++++

'သံချောင်း လှည်းကို မြန်မြန်မောင်းစမ်း ပါ '

"ချစ်ပါရစေတေ့ာကွယ်"Where stories live. Discover now