သို့.....အစ်ကို 💛

241 20 8
                                    


သို့.....အစ်ကို

​ပျော်ရွှင်မှုကိုဘယ်မှာများရှာလို့ရနိုင်မလဲခင်ဗျာ....

အစ်ကို့က​​လေးမနဲ့အတူရှိတဲ့အချိန် ပြုံးနေတတ်တဲ့နှုတ်ခမ်းတွေစီမှာလား....

ကျွန်တော်နဲ့အကြည့်ချင်းဆုံမိတဲ့အခါ ပြိုလဲနေတဲ့မျက်လုံးတွေစီမှာလား....

တစ်ခါတလေဖုန်းပြောနေရင်ကြားရတတ်တဲ့ ရယ်သံချိုတွေမှာလား....

မနက်လင်းတိုင်းအခန်းထောင့်မှာတွေ့ရတတ်တဲ့ ဆေးလိပ်တိုတွေမှာလား....

လက်ကောက်ဝတ်က tattoo လေးစီမှာလား....

လက်သန်းကြွယ်က မောင်းကွင်းလေးစီမှာလား....
.
.
.
.
ကျေးဇူးပြုပြီးဖြေပေးပါ....

အစ်ကိုရော
တကယ်နေလို့ပျော်ရဲ့လား....
ခေါင်းခါချင်လဲခါ
'အင်းပေါ့´လို့ညာချင်လဲညာ
ဒါအစ်ကို့အခွင့်အရေးလေ
မဝေဖန်ရဲပါဘူး...

ဦးစားပေးပါတယ် အစ်ကို
သနပ်ခါးနံ့သင်းတဲ့နဖူးလေးကိုမွှေးချင်မွှေး
ဆေးလိပ်နံ့ပြင်းတဲ့အရူးလေးကိုရွေးချင်ရွေး
အစ်ကို့အဆုံးအဖြတ်မှန်သမျှကိုလေးစားမှာပါ...

ဆရာကြီးမင်းသုဝဏ်ရဲ့
နှင်းဆီပွင့်ကဗျာထဲကလိုပေါ့
ခရေဖူးခူးပေးပြီးကာမှ
နှင်းဆီပွင့်ကိုပန်လိုတာဆိုလည်း
လက်သည်းတစ်စိပ်စာလောက်တောင်မငြိုငြင်ရက်ပါဘူး

ခရေဖူးပဲနမ်းနမ်း
နှင်းဆီပန်းပဲမွှေးမွှေး
အစ်ကိုရင်အေးဖို့သာအဓိကဖြစ်တာကြောင့်
အကြည့်နဲ့တောင်အနှောင့်အယှက်မဖြစ်စေရပါဘူးအစ်ကို.....

နှင်းဆီပွင့်
...............
လယ်တောကအပြန်
ပန်ချင်တယ်ခရေဖူးဆိုလို့
မောင်ခူးကာပေး....

မနက်တုန်းဆီက
ကျော့ဆုံးကိုမောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး.....

(မင်းသုဝဏ်)

သို့......အစ်ကိုWhere stories live. Discover now