The Story [ GONGFOURZ ]

662 34 0
                                    

- ဖြတ်သန်းသွားလာနေတဲ့ကားများကြားထဲ အလျင်အမြန်မောင်းနှင်ကာ မြို့နယ်ဆေးရုံကိုဦးတည်နေတဲ့ Ambulance တစ်စီး။ -

"အရေးပေါ် ! အရေးပေါ် ! "

"ဘာဖြစ်တာလဲ "

"car accidentပါ....သွေးပေါင်ချိန်ကျနေပြီး ဦးခေါင်းပြင်းပြင်းထန်ထန်ဒဏ်ရာရထားပါတယ်။ "

" Operation room ကိုရွေ့လိုက်.....
သူနာပြုဂျန်....စီနီယာဂျောင်ကိုမြန်မြန်သွားခေါ်ပေးပါ....မြန်မြန်!!! "

- ဆရာဝန်မလေးက နောက်တစ်ခါ ပြေးဝင်လာတဲ့လူဆီကိုပြေးသွားပြီး .....

" လူနာရှင့် အဆင်ပြေရဲ့လား။ "

"ကယ်ပေးပါ....သူ...သူကို...ကယ်ပေ....ပါ..."

- သူပြောနေတဲ့စကားကိုမဆုံးသေးဘဲသတိလစ်သွားတဲ့လူနာကြောင့် ဒေါက်တာမလေး ဗျာများရပြီ။ နှဖူးကနေ သွေးစီးကျနေကာ ခန္ဓာကိုယ်တွင်လည်း ပွန်းပဲ့ဒဏ်ရာများစွာဖြင့် စောစောက လူနာနှင့် accidentအတူတူဖြစ်မည်ဟုကောက်ချက်ချလိုက်သည်။ -

"လူနာ...လူနာ...သတိထားပါဦး။
လူနာ!!!! "

~ Episode -(1) ~
.
.
.
-နေသာတဲ့ရက်လေးတစ်ရက်။
ရာသီဥတုကလည်းကောင်းနေသည်။
ပြာလွင့်လွင့်ကောင်းကင်အောက်တွင် အဖြူရောင်တိမ်ငွေတိမ်ဖြူတိုက်ကလေးများကလည်း လေနှင်ရာရွေ့နေကြပြီး အချစ်ငှက်ကလေးနှစ်ကောင်ကလည်း လေထုထဲဝဲပျံကာ သာယာနေသဖွယ်ရှိသည်။ -

-"Happiness" ပြန်လည်ထူထောင်ရေးစင်တာ -

- စင်တာရဲ့hallထဲမှာ နူးနူးညံ့ညံ့ သာသာယာယာပျံ့လွင့်လာတဲ့ သီချင်းသံ။ ကလေးတွေရော အဘိုးအဘွားအရွယ်တွေထိ စင်တာမှာရှိနေတဲ့လူနာတွေက ထိုသီချင်းသံကိုနားထောင်နေကြသည်။ သူနာပြုလေးတွေရော ဆရာဝန်တွေကပါ ပျော်ပျော်ရွှင်ရွှင်ကြည့်နေကြသည်။ -

- လူတွေရဲ့အရှေ့မှာ ထိုင်နေတဲ့ကောင်လေးသုံးယောက်။ guitarတစ်ခုစီလွယ်ထားကာ ထိုင်ခုံပေါ်တွင်ထိုင်ပြီး တေးသွားလှလှလေးများအား သီဆိုနေသည်။ ထိုခဏတာအတွင်းသီချင်းသံလေးကရပ်သွားသည်။ -

- ပြီးဆုံးသွားတဲ့ဂီတသံကို မကျေနပ်စွာဖြင့် လူတွေကပြောကြသည်။ -

The Story, Start with once upon a time, I love you[Completed]  Where stories live. Discover now