1421 - 1425

84 3 0
                                    


စစ်ဧကရာဇ်(Chapter:1421)
(သစ်ပင်အသေများ၏ လျှို့ဝှက်အစီအစဉ်)
.........................................................
     ယဲ့ရှောင်ရှောင်းသည် လီကွမ်ရီပြောပြသည့် အကြောင်းအရာများကို နားထောင်ပြီး တိတ်ဆိတ်ငြိမ်သက်နေမိသည်။ ခေါင်းထဲတွင်လည်း အတွေးပေါင်းများစွာဖြင့် ရှုပ်ထွေးနေခဲ့၏။ နောက်ဆုံး၌ အတွေးစကို ပယ်သတ်ပြီး လီကွမ်ရီနှင့် ကျောက်စားပွဲပေါ်ရှိ စာလုံးများကို တစ်လှည့်စီ ကြည့်လိုက်သည်။ ပြီးနောက် ...
     "ဒီလိုဆို အခုတွေ့နေရတဲ့ စာလုံးတွေက လျှောက်ပြီးရေးခြစ်ထားရုံသက်သက်ပ​ဲပေါ့၊ ဘာမှ အဓိပ္ပာယ်မရှိဘူးပေါ့ ..."

     "အဲ့ဒီလိုတော့ ပြောလို့မရဘူးလေ ..."လီကွမ်ရီက ခေါင်းကိုခါယမ်းလိုက်သည်။
     "တဖြည်းဖြည်းနဲ့ တိုးတက်လာမှာပါ၊ သူတို့ရဲ့ ယဥ်ကျေးမှု၊ စာပေနဲ့ လူနေမှုအဆင့်အတန်းတွေက တဖြည်းဖြည်း ပြောင်းလဲလာကြမှာလေ ... အခုတောင် သက်ရှိမျိုးနွယ်အဖွဲ့တွေမှာ တွေ့ရတဲ့ အစည်းအဝေးပွဲတွေ လုပ်နေကြပြီမဟုတ်လား ... ဒါက ငါကိုယ်တိုင်တောင် မမျှော်လင့်ထားတဲ့ တိုးတက်မှုတစ်ခုပါ ..."

     "နင်ပြောတော့ သူတို့ရဲ့ ဘာသာစကားက မပြည့်စုံသေးဘူးဆို၊ အစည်းအဝေးတက်ဖို့ ဘယ်လိုဆင့်ခေါ်ကြတာလဲ ..."ယဲ့ရှောင်ရှောင်းက အလိုမကျသေးဟန်ဖြင့် ပြန်မေးသည်။

     "ဒါလား ... သူတို့အချင်းချင်း ဆက်သွယ်နိုင်တဲ့ မွေးရာပါစွမ်းရည်တစ်ခုကြောင့် ဖြစ်နိုင်တယ် ..."

     "သူတို့က ဘာတွေဆွေးနွေးနေကြတာလဲ ... အရေးကြီးအကြောင်းအရာတွေကို ဆွေးနွေးနေကြတာလား ... ကောင်းကင်ပြိုကျမတတ် အရေးကြီးနိုင်သလား ..."ယဲ့ရှောင်ရှောင်းက မရပ်မနား မေးနေခဲ့သည်။ သူမသည် ယခင်ကဆိုလျှင် သစ်ခြောက်မျိုးနွယ်နှင့် သစ်ပင်အသေများကို စိတ်မဝင်စားပေ။ သို့သော် လီကွမ်ရီနှင့် အချိန်တစ်ခုမျှ သွားလာပြီးနောက်မှာတော့ စိတ်ဝင်စားလာခဲ့သည်။ သက်ရှိမျိုးနွယ်အသစ်တစ်ခု ဖန်တီးခြင်း၏ ရလဒ်ကို အလွန်အမင်း သိချင်လာခဲ့သည်။

     "ဘယ်လိုအကြောင်းအရာကို ဆွေးနွေးနေတာလဲတော့ ငါလည်းမသိဘူး၊ မင်းပြောသလိုပဲ ကောင်းကင်ပြိုကျနိုင်တဲ့အထိ အရေးကြီးလောက်တယ် ... ဒီလိုအစည်းအဝေးပွဲတွေက အ​ရေးကြီးမှ လုပ်ကြတာမဟုတ်လား ..."လီကွမ်ရီက ပြုံး၍ပြောလိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးNơi câu chuyện tồn tại. Hãy khám phá bây giờ