Love In The Midst Of Conflict(Unicode)
"ကျောက်ဝေ ၊ ကျန့်အာ"
သခင်ငယ်လေးနှစ်ယောက်သည် ရှောင်းသခင်ကြီး၏ စာကြည့်ခန်းထဲတွင် မတ်တပ်ရပ်လျှက် ခေါင်းငုံ့အနေအထားဖြင့်ရှိနေပြီး ရှောင်းသခင်ကြီးမှာ ဆုံလည်ထိုင်ခုံတွင်ထိုင်လျှက်ရှိသည်။ သခင်ကြီး၏ လူယုံအိမ်တော်ထိန်းကြီးမှာ ဘေးတွင်ရပ်လျှက် အမိန့်နာခံရန်အမြဲအသင့်ရှိနေသည်။
ရှောင်းသခင်ကြီးသည် သူ၏ရှေ့မှ ကလေးနှစ်ယောက်အား တစ်ချက်စိုက်ကြည့်ပြီးနောက် မည်သည့်စကားမျှမဆိုသေးပါပဲ အရင်ဆုံး သူ၏နားထင်ကို လက်ချောင်းများနှင့်ဖိထားလျှက်ရှိသည်။ သူအခုတလော အတော်ပင်အလုပ်ရှုပ်နေသည်။ LA ရုံးခွဲကိစ္စတွေရယ်၊ ဝန်ကြီးများရွေးကောက်ပွဲနီးလာနေပြီဖြစ်၍ မျက်ခုံးလှုပ်နေရကာ သူလိုစီးပွားရေးလုပ်ငန်းရှင် တွေအတွက် အနည်းငယ်သတိထားရသည်။ မဟုတ်လျှင် ဆုံးရှုံးမှုပမာဏများသွားလျှင် သူနှင့်သူ့လက်အောက်မျိုးနွယ်စုအတွက် ဝင်ငွေစီးဆင်းမှု အနည်းနှင့်အများထိခိုက်လာမည်သာ။
ထို့အပြင် လွန်ခဲ့တဲ့နှစ်ရက်က ဝမ် Group ဘက်မှ ပူးပေါင်းလုပ်ဆောင်ချင်သည်ဟုပြောပြီး အမြတ်အစွန်းအများကြီးရနိုင်မည့် project တစ်ခုအားကမ်းလှမ်းလာခဲ့သည်။ ရှောင်သခင်ကြီးသည် ဝမ်သခင်မပြောပြခဲ့သည့် အကြောင်းအရာတစ်ချို့အပြင် သူ၏လက်ထဲထည့်ပေးခဲ့သည့် စာရွက်အားဖတ်ကြည့်ပြီးနောက် ဝမ်ကျားရန်( ဝမ်သခင်ကြီး၏အမည်) နှင့်ဝမ် Group သည် မရိုးစင်းသည်ဟုထင်သည်။ ဝမ်သခင်မသည် သူ့အား အကြောင်းအရာအစုံကို အတိအလင်းပြောပြခြင်းမျိုးမရှိပါပဲ အချိန်တန်လျှင် နားလည်လာမည် ဟုသာပြောခဲ့တာပင်။ အဘယ်ဇနီးမယားသည် ခင်ပွန်းမှဖောက်ပြန်ခြင်းမရှိပါပဲ ခွဲခွာချင်ပါမည်နည်း။ သူသိထားသည်မှာ ဝမ်သခင်ကြီးတို့ဇနီးမောင်နှံမှာ အမြဲချစ်ချစ်ခင်ခင်ရှိကြသည်သာ။
ဝမ်သခင်မသည် သူမ၏ခင်ပွန်းအား အကြောက်အကန်ငြင်းဆန်လျှက်ရှိပြီး ဝမ်သခင်ပေါက်စလေးကိုပင် သူ့ဆီဖွက်ထားချင်နေသည်။ ဝမ်သခင်မ၏ဆန္ဒတွေကို သူဖြည့်ဆည်းပေးပါမည်ဟု ကတိကဝတ်ပြုခဲ့၍ သူမျက်နှာလွှဲခဲပစ်လုပ်မရပါ။ ဝမ်ကျားရန် ၏ မျက်နှာဖုံးအောက်ရှိ မျက်နှာအမှန်ကို ဖော်ထုတ်ရမည်ဖြစ်ပြီး ကြိုတင်ရှောင်ရှားသင့်သည့် အရာများကို ရှောင်ရှားရမည်။ သူသည် ပြသာနာအား မျိုးနွယ်စုအတွင်းသို့ လက်ယပ်မခေါ်နိုင်ပါ။
YOU ARE READING
Love In The Midst Of Conflict
Actionyizhan fanfiction ဖြစ်ပါသည်။အရေးအသားများကိုကူးယူဖော်ပြခြင်းလုံးဝခွင့်မပြုပါ။စာရေးသူအား respect ထားသောအားဖြင့် ကူညီပါ။