8. 𝐣𝐞𝐨𝐧𝐠𝐡𝐲𝐞𝐨𝐧 × 𝐫𝐢𝐜𝐤𝐲 (𝐞𝐧𝐝)

1.5K 138 82
                                    


"ကိုကို! ကိုကို!!! ကိုကိုးးးလို့"

အီဂျောင်ဟျွန်းသည် ဖုန်းပြောနေရာမှ အိမိအပေါ်ထပ်က အသံကြောင့် ဖုန်းကို ချက်ချင်းချပြီး အိမ်ပေါ်ထပ်ကို အမြန်ပြေးရသည်။ ကိုကိုခေါ်ခိုင်းမိလိုက်ကတည်းက တဂျော်ဂျော်အော်ပြီးခေါ်နေတော့တာမို့ အသံကြားထာနဲ့ ထိုသရဲလေးအနား အပြေးသွားပြီး ပူဇော်ပသထားရသည့်အဖြစ်သို့ အီဂျောင်ဟျွန်းတို့ နေ့ချင်းညချင်း ရောက်ရှိသွားခဲ့ရသည်။

"ရစ်ခီ ဘာဖြစ်လို့လဲ"

"ပျင်းလို့... ကျွန်တော်နဲ့ လာစကားပြောလေ"

"ကိုယ်အလုပ်ရှိသေးတယ် ရစ်ခီရဲ့.. စာလည်းလုပ်ရအုံးမှာ"

"ဒါဆို အဲ့အလုပ်ကို ကျွန်တော့်နားနားလေးလာပြီး လုပ်လေ တစ်ယောက်တည်းဆိုတော့ အားကြီးပျင်းတယ်"

အကင်္ျီအသစ်တစ်ထည်မီးရှို့ပေးထားတာမို့ ရစ်ခီသည် ဒီကနေ့တွင်​တော့ဖြင့် အဝါရောင်ရှပ်အကင်္ျီလေးနှင့်၊ အဖြူရောင်ဘောင်းဘီတိုတစ်ထည်ကိုဝတ်ထား၏။ ကုတင်ပေါ်တွင် တက်ထိုင်နေကာ သူ့အနားလာနေဖို့ ဂျီကျနေသည့်သရဲလေးကို ဂျောင်ဟျွန်းတွင် ငြင်းနိုငိတဲ့သတ္တိမရှိသေးပါချေ။ ကြောက်လို့တော့မဟုတ်၊ အလိုလိုက်ထားချင်လို့။

"အင်း ကိုယ်စာအုပ်တွေယူပြီး လာခဲ့မယ် ငြိမ်ငြိမ်လေးနေခဲ့ လျှောက်ပြီးမအော်နဲ့တော့ ကြားလား"

ခေါင်းငြိမ့်ပြတဲ့ ရစ်ခီကို ထားခဲ့ပြီး အောက်ထပ်က စာအုပ်တွေနဲ့လပ်တော့ပ်ကို မနိုင်မနင်းနဲ့အပေါ်ထပ်သယ်လာရသည်။ သရဲတွေက ပုံမှန်ဆိုအထီးကျန်တတ်တာလား မပြောတတ်ပေမယ့် အီဂျောင်ဟျွန်းအိမ်က သရဲလေးကတော့ အထီးကျန်ပါသည်။ အစားလည်းပုပ်သည်။ အိမ်ကိုလာတဲ့ ဧည့်သည်တိုင်းကိုလည်း ဆော်ပလော်တီးတတ်သည်။ မိန်းကလေးဧည့်သည်ဆိုလျှင် တစ်နာရီတောင် အနေမခံ။ အူပုပ်သရဲလေးတစ်ကောင်သာ ဖြစ်ပါ၏။

"ကိုကို...ဘုံလေးတို့အိမ်မှာလေ လူတွေစကားပြောနေတဲ့ ဖန်ပြားကြီးရှိတယ်တဲ့ ဘုံလေးက အဲ့ဖန်ပြားကြီးထဲမှာပါတဲ့ လီလီ့ကို ကြိုက်သွားတာတဲ့"

To All the boys Ricky've loved beforeWhere stories live. Discover now