မ ကညထဲက အိမ်ပြန်အိပ်သွားသည်။ ဆေးရုံက သူနာပြုတွေက Chae ကိုအတင်းအဖျင်းပြောမှာစိုးလို့တဲ့လေ
အခုလဲ မနက်ဂျူတီပြီးတော့ ဆေးရုံကို လာခေါ်သည်။" မ ကားအသစ်ပြောင်းထားတာလား"
မ အရင်လာကြိုတဲ့ ကားမဟုတ်လို့ Chae မေးကြည့်မိသည်။
" ဟင့်အင်း ဒါက မရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ဝယ်ထားတဲ့ကား
အခုမှ စီးဖြစ်တာ အရင်က အိမ်မှာပဲ ထားဖြစ်တာ"" aww"
" အရင်ကား ဘယ်ရောက်သွားလဲလို့ Young မမေးတော့ဘူးလား"
" မ Daddy ကသိမ်းလိုက်လို့လားဟင်"
မျက်နှာငယ်လေးနဲ့ မေးလာတဲ့ Young ကိုကြည့်ရင်း
" မ ကိုယ်တိုင်ပြန်အပ်လိုက်တာ"
" မ အဆင်ပြေရဲ့လား"
" ပြေတာပေါ့ မအနားမှာ Young ရှိတာပဲလေ"
Chae မကို ဖက်ပြီး နှစ်သိမ့်ရသည်။ Chae တို့မှာနှစ်သိမ့်ဖို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အချစ်တွေပဲ ရှိတာလေ
" Young မအနားမှာ တစ်သက်လုံးရှိမှာပါ"
" မ အနားမှာ ဘယ်သူမှမရှိတော့ဘူး Young
အာ့ကြောင့် မကို ထားပြီးမသွားပါနဲ့နော် Young"" Young ကမကို သိပ်ချစ်တာလေ
ထားသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး မ
မအနားမှာ တစ်သက်လုံးရှိနေမှာ"ရင်ခွင်ထဲမှာပဲ ငြိမ်နေတဲ့ မကို Chae ဆံပင်လေးကို ပွတ်ပေးနေလိုက်သည်။ Chae အသက်ထက်ချစ်ရတဲ့သူလေး ဝမ်းနည်းနေတော့ Chae ဘယ်လိုလုပ်ရပါ့မလဲ
" Young ဒီနေ့ ဘယ်သွားချင်လဲ ပြော
မ လိုက်ပို့မယ်
မလဲ ဒီည flight နဲ့ ဂျပန်ပြန်သွားရမယ်"" ဟင် မက ချက်ချင်းကြီး"
" ဟော ဒီက Young အတွက် မ ပိုက်ဆံရှာရမယ်လေ"
" အာ့ဆို မသွားပါနဲ့ Young အနားမှာပဲနေ
Young ရဲ့ဆရာဝန်အလုပ်ကလဲ ပိုက်ဆံရပါတယ် မရဲ့
နောက်ပြီး Young က အသုံးအဖြုန်းမကြီးပါဘူး"" ဒီတစ်ခါက နောက်ဆုံးပါပဲ
နောက်ဆို ကိုရီးယားမှာပဲ အလုပ်လုပ်လို့ရပါပြီ
နောက်ပြီး ဒီည Young မိဘတွေလဲ သွားကြိုရမှာလေ
မ flight ကိုစောမှာထားတယ် Young နဲ့အတူတူ လေဆိပ်သွားလို့ရအောင်"
YOU ARE READING
The Only Exception
Hayran Kurguဘယ်သူ့ကိုမှ မချစ်ရဲတော့လို့ အချစ်ဆိုတဲ့အရာကြီးကို ဝေးဝေးက ရှောင်ခဲ့တယ်။ ဒါပေမဲ့ Rosie မင်းကိုတော့ ချစ်မိသွားပြီ ထင်တယ်