Arc 9 part 15

22 3 1
                                    

           အခန်း S က လူတွေရော Robert ရော မခံမရပ်ဖြစ်လို့ မပြီးသေးခင်မှာပဲ ကျောင်းပိတ်ရက် ရောက်ရှိလို့လာသည်။ ရက်ရှည်ပိတ်ရက်ဖြစ်ပြီး စာသင်နှစ်တစ်ဝက် ကုန်ဆုံးသွားပြီဖြစ်ကြောင်း အသိပေးနေသလိုပါပင်။ အခန်း A မှကျောင်းသားများအတွက်တော့ ရှားရှားပါးပါး အချိန်ကောင်းများကို ပိုင်ဆိုင်နေသည်။ အဆင့်တွေတက်လာသဖြင့် အတန်းပိုင်ဆရာလည်းပျော်ရွှင်နေပြီး အပျော်ရွှင်ဆုံးကတော့ မိဘတွေပင်။ တစ်သက်လုံး ဒီအဆင့်ကိုပဲ ကျားကုတ်ကျားခဲ ဖက်တွယ်ထားရာကနေ ကလေးက ပိုကြိုးစားချင်လာသည်ကို သဘောမကျမည့် မိဘဟူ၍မရှိပါ။ အချို့ဆို ကျောင်းသို့ပင် ကိုယ်တိုင်လာကြကာ အတန်းပိုင်အား ကျေးဇူးတင်မဆုံးဖြစ်နေကြသည်။

      အခန်း S ရှိလေထုမှာတော့ လုံးဝမကောင်းပါပေ။ အတန်းပြောင်းသွားသည့် လူဆီမှ ဖိနှိပ်ခံရရုံတင်မကဘဲ အမှတ်ပေါင်း ကွာဟချက်မှာလည်း ရှက်စရာကောင်းလောက်အောင် အပြတ်အသတ်ဖြစ်နေပြန်သည်။ အရင်ကဆို အောက်ဆုံးအဆင့်ဇယားမှာရှိခဲ့သည့် William ကပါ အဆင့်တွေကို တစ်ဟုန်ထိုးကျော်တက်သွားပြီး အထင်ကြီးလောက်စရာ ရလဒ်ကိုဖြစ်စေခဲ့သေးရာ သူတို့အကုန် စိတ်ပိုင်းဆိုင်ရာ ရိုက်ချိုးမခံရဟု ပြောလျှင် လိမ်နေခြင်းသာဖြစ်သည်။ အဆိုးဆုံးကတော့ အတန်းပိုင်ဆရာဖြစ်သူပင်။ သူသည်လည်း နားယောင်ပြီး ကျောင်းသူကောင်းတစ်ယောက်ကို အခန်းမှဖယ်ထုတ်ခွင့်ပေးခဲ့သည် မဟုတ်ပါလော။ အကယ်၍ ထိုသို့သာ မလုပ်ခဲ့လျှင် အမျိုးမျိုးသော ချီးကျူးစကားများမှာ သူမအတွက်ဖြစ်နေလိမ့်မည်။ အခန်း A မှ အတန်းပိုင်၏ ဂုဏ်ယူမှုအပြည့်နှင့်မျက်နှာကို သတိရသွားသောအခါ သူမမှာ ဒေါသထွက်လွန်းသဖြင့် တုန်ယင်လာသည်အထိပင်။

      မည်သို့ပင်ဖြစ်စေ ရက်ရှည်အားလပ်ရက်အပြင် စွမ်းဆောင်ရည်ကောင်းများ ရှိခဲ့သည့် အခန်း A တွင်တော့ အဆင့်တွေအကြောင်းမှ ခေါင်းစဉ်ပြောင်းကာ မိဘများနှင့် ခရီးအတူသွားမည့်အကြောင်း အချင်းချင်းကြွားဝါပျော်ရွှင်နေကြသည်။ ညီငယ်လေးများသည် အတက်ကြွဆုံးဖြစ်ပြီး ကျန်အတန်းဖော်များကတော့ မီးပိုကြီးစေရန် ထပ်ထည့်သည့် လောင်စာများဖြစ်ကြသည်။ ပျော်တတ်ကာ ဖော်ရွေပုံပေါက်သည့် misaki အနားတွင် ‌အတန်းဖော်များက ဝိုင်းနေပြီး ပိတ်ရက်အစီအစဉ်တွေကို ပြောနေကြသည်။ ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် misaki လည်း သူတို့၏ဝေမျှလာသော ပျော်ရွှင်မှုကို အတူလိုက်ပါခံစားပေးနေသည်မှာ William အား မတွေ့ခင်အထိပင်။

How to flirt with the final boss 2Where stories live. Discover now