She သျှီ (One Short)

37 1 0
                                    

She...🤍🦋

     နေဝင်နေပြီ...
ဟော...ဟိုဘက်က အချစ်ကိုငေးရဦးမယ်ဟေ့...
တွေးတဲ့အတိုင်း...ငေးမိတော့တာဘဲ့...

"ဟဲ့...နင်ဘာလုပ်နေတာလဲ...အမြူ..."

ထုံးစံအတိုင်းကိုယ့်အချစ်ခေါ်ပုံကမဆန်း...
ဟဲ့ တဲ့..
ဒါလည်းအမြူတို့များ..အရည်ကိုပျော်လို့ကွယ်...

"အယ်မယ်ခေါ်ပုံက...နင်နော်..."

"ဟဲဟဲ ချစ်လို့ပါဟယ်..."

ဘေးချင်ကပ် အိမ်နံရံပါးပါးလေးသာခြားတဲ့
အမြူနဲ့ သျှီ ဆိုတာ သိပ်ချစ်တဲ့ ချစ်သူတွေ...
သူငယ်ချင်းသံယောဇဉ်ဖြစ်တာမို့...
သူများအတွဲတွေထက်ပိုချစ်ကြသည်...
လိင်တူချစ်သူဖြစ်တာကြောင့်လည်း...
သူတို့တဦးနဲ့တဦးနားလည်မှုအရမ်းပေးလွန်းခဲ့ရသည်...

မြူက အလျော့ပေးလွန်းရသည်...
ချစ်တဲ့သူဆိုတော့လည်းမငြီးငြူရက်...
သျှီကတော့အချစ်ခံရတော့ဆိုးသွမ်းလှတယ်...
မြူ့အချစ်ကိုတော့သျှီမမှီ...
အကြိမ်ကြိမ်ရန်ဖြစ်စကားများရသည့်တိုင်..
သျှီမာ ပြဿနာအရှာကျွမ်းသည်...

"အမြူ...နင်ညနေက အန်တီတယောက်နဲ့သွားနေတာ
ငါတွေ့လိုက်တယ်..."

"ဟာ...အဲတာငါ့အလုပ်ရှင်ပါလို့ပြောနေတာနင်မကြားဘူးလား.."

အမြူလည်းသီးခံနိုင်စွမ်းမရှိတော့တာမို့...
တခါမှမအော်ဖူးဘဲအော်လိုက်မိသည်...
ထပ်ခါထပ်ခါ ရှင်းပြလည်းနားမဝင်တာမို့...
အမြူလည်းစိတ်ညစ်လှသည်...

"နင်...ဘာပြောတာ...နင်ငါ့ကိုအော်တာလား အမြူ.."

"သျှီ  ငါတောင်းပန်ပါတယ်ဟာ...ငါအလုပ်ပင်ပန်းနေလို့...
နင်အိမ်ပြန်လိုက်တော့လေ...မနက်မှဆက်ပြောကြတာပေါ့.."

အမြူစကားလွှဲကာ သျှီကို ပြန်ချော့ကာပြန်ခိုင်းနေရသည်...
သျှီ တော်ရုံနဲ့လက်မလျော့..
သျှီ့မျက်နှာပိုခက်ထန်လာကာ...
မြူကို ကြည့်လိုက်မိသည်...

"နင့်အချိုးတွေပြောင်းနေပါလား မြူ..
ငါ့ကိုအော်လှချည်လား...နင့်စိတ်တွေဘယ်ရောက်နေတာလဲဟမ်...
အရင်ကမြူဆိုတာဘယ်ရောက်သွားပြီလဲ...အမြူ...ဟမ်.."

You've reached the end of published parts.

⏰ Last updated: Aug 16, 2023 ⏰

Add this story to your Library to get notified about new parts!

SheWhere stories live. Discover now