#Unicode
အိပ်ရာနိုးလို့ မျက်ဝန်းအစုံကို ဖွင့်ကြည့်လိုက်တာနဲ့ ဦးဝေရဲ့ အေးချမ်းတဲ့ မျက်နှာလေးကို အရင်တွေ့မြင်ရတယ်။ အေးချမ်းလွန်းတဲ့ ဒီမျက်နှာလေးက ရေးဆီက အချစ်တွေကို အပြုံးနဲ့အတူ မေတ္တာတွေနဲ့ပါ သိမ်းပိုက်သွားတယ်။ ချစ်တယ်။ ဒီလူကြီးပြုံးတိုင်း ရင်ခုန်ရတာက အလုပ်တစ်ခုဆို ကျွန်တော်နေ့တိုင်း မပျက်မကွက် မပျင်းမရိနဲ့ ကြိုးကြိုးစားစားလုပ်နေဦးမှာပါ။
ဦးဝေကို စိုက်ကြည့်ရင်းနဲ့ အသဲယားလာပြီး ချုပ်ထိန်းဖို့ခက်လာတဲ့နောက်ဆုံးမှာ ဦးဝေရဲ့နှုတ်ခမ်းလေးကို လျင်မြန်စွာနဲ့ ဖတ်ခနဲဆို အနမ်းပေးလိုက်တယ်။ တကယ်ကို ခဏလေးပါ။ စက္ကန့်ဝက်လောက်ပဲ ကြာပါလိမ့်မယ်။ ဒါပေမဲ့ ဦးဝေက ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ရေးခါးကို သိမ်းဖက်ပြီး လူကို သူ့ရင်ခွင်ထဲရောက်အောင် ဆွဲသွင်းသွားတယ်။ ပြီးတော့ ကျွန်တော့်နှုတ်ခမ်းပေါ်ကို အနမ်းမိုးတွေ ရွာချလာတယ်။ ကျွန်တော်က ရုန်းကန်ဖို့ကြိုးစားတော့ ဦးဝေက ရေးခေါင်းလေးကိုပါ သူ့လက်နဲ့ထိန်းချုပ်ပြီး ငြိမ်သက်စေခဲ့တယ်။ အဲ့ဒီနောက်တော့ ကျွန်တော် ဦးဝေအနမ်းမှာ မက်မောခုံမင်စွာ တစ်ရှိုက်မက်မက် စီးမျောခဲ့ပါတယ်။ ကျွန်တော် ဦးဝေကို ချစ်တယ်။
အနမ်းတွေ တာရှည်ပြီးတဲ့နောက် တစ်ဆင့်တက်ဖို့ထိ ဖြစ်လာတော့ ဖုန်းခေါ်သံက တစ်ခန်းရပ်စေခဲ့တယ်။ ဦးဝေရဲ့ ရင်ဘတ်ကိုပုတ်ပြီး ဖုန်းလာနေတဲ့အကြောင်း အချက်ပြခဲ့ပေမဲ့ ဦးဝေက ဂရုမစိုက်ခဲ့ပေ။ ဒီလူကြီး ဘာတွေလုပ်ဖို့ တွေးနေတာလဲ။
"ပါပါး"
ချူတူးအသံကို ကြားတာနဲ့တစ်ပြိုင်နက် ဦးဝေက အနမ်းတွေကို ရပ်တန့်ပြီး သိမ်းကြုံးဖက်ထားတဲ့ ရေးငယ်ကို ဆတ်ခနဲဆို လွှတ်ပေးလိုက်တယ်။ ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး ဦးဝေနဲ့ဝေးနိုင်ဖို့ အိပ်ရာက အမြန်ထလိုက်ပါတယ်။
"သားသား နိုးလာပြီလား"
"ဟုတ်ပါပါး ဖွားချီတွားမယ်"
"Ok ပါပါးလိုက်ပို့ပေးမယ်"
ဦးဝေကတော့ ကုတင်ပေါ်မှာ ပြုံးပြုံးကြီးနဲ့ အင်တင်တင်ဖြစ်ပြီး ကျန်ခဲ့ရှာတယ်။ ရေးကုတင်ပေါ်ကဆင်ပြီး ချူတူးလက်ကိုဆွဲလိုက်တော့ ဦးဝေက ရေးကို လှမ်းပြောလာတယ်။
VOUS LISEZ
OMG . . . My Future Husband is Him !!!
Roman d'amourဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။