ကျောင်း၀န်းအတွင်းသို့ ၀င်ရောက်လာသော ပုပုလုံးလုံးကလေးနှစ်ယောက်...။တစ်ယောက်လက်တစ်ယောက်ကိုင်ကာ လျှောက်လာပုံကာချစ်ခြင်းတရားကိုနားမလည်သေးသည့် ဒီအရွယ်မှာပြုလုပ်တတ်သည့်အကျင့်ကလေးတစ်ခုသာသာ......"ဆော့ဂျင်...မင်း မနေ့ကအတန်းကြီးက အစ်မတစ်ယောက်ကို ရည်းစားစာသွားပေးတယ်ဆို"
ဂျောင်ဂုဂီး ဆီကထွက်လာသော စကားကြောင့်ဆော့ဂျင်နီး...ရယ်ကျဲကျဲပြုလုပ်မိသည်။
"ဒီအရွယ်က ရည်းစားထားရမယ့်အရွယ်လား!...ဆော့ဂျင်"
ဆရာကြီးပုံစံဖမ်းကာ...လူကိုဆုံးမ နေသည့်ဂျောင်ဂုကိုဆော့ဂျင်မျက်စောင်းတစ်ချက်ထိုးမိသည်။ဘယ်နှယ့်~အသက်၇နှစ်တောင်ရှိပြီ ဒီအရွယ်ရည်းစားစာပေးတာဆော့ဂျင်နီး မှားသလား...။
"မင်းကလည်း...ငါ့မှာလည်းချစ်တတ်တဲ့နှလုံးသားနဲ့ပါ......မမကိုချစ်လို့ချစ်တဲ့အကြောင်းလေးတွေကိုစာစီပြီးချပြတာလေ...ငါ့မှာလည်းချစ်ပိုင်ခွင့်အများကြီးရှိတယ်"
နှုတ်ခမ်းလေးထော်ကာရှင်းပြနေပုံက...အချစ်ရေးမှာပါမောက္ခတစ်ယောက်လို......
"အဲအစ်မကိုချစ်တယ်ဆိုပြီးငါ့အိမ်ဘေးနားကအစ်မ...တစ်ယောက်ကိုလည်း မင်းချစ်တယ်လို့ပြောထားသေးတယ်မလား"
ဆော့ဂျင် ဒီတစ်ခါဂျောင်ဂုကိုစိတ်ဆိုးမိသည်။ကိုယ့်ဘာသာဘယ်သူ့ကိုပဲချစ်ချစ်...သူ့အပူပါလား......
"မင်းရဲ့အကြောင်းကို...ဒေါ်ဒေါ်ကိုပြောမှရတော့မယ်"
ဆော့ဂျင်စိတ်တိုကာ...ဂျောင်ဂုလက်ထဲကသူ့လက်ကိုတောင်ဆွဲထုတ်မိသည်...။ပြီးတော့ အသက်ကိုခပ်ပြင်းပြင်းရှုကာ......
"ပြောလေ...ပြောပေါ့...ငါ့အမေကိုဒီအကြောင်းတွေပြောလိုက်တာနဲ့...ငါ့ကိုလာခေါ်ဖို့လုံး၀မစဥ်းစားနဲ့တော့!!"
ပြောရင်း...ခြေဆောင့်ကာထွက်သွားသည့်ဆော့ဂျင်ကအနောက်မှာကျန်ခဲ့သည့် ဂျောင်ဂုကိုတောင်တစ်ချက်ကလေးလှည့်မကြည့်ခဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဒေါ်ဒေါ် ဆော့ဂျင်ရှိလားဟင်"
YOU ARE READING
Daisy🌼(One Shot)
Fanfictiondaisyပန်းလေးရဲ့အဓိပ္ပါယ်က မေတ္တာသက်၀င်နေရင်တောင် ဘယ်တော့မှ ခွင့်မပြောဘူးတဲ့လေ~~