အပိုင်း - ၁၃၂ ( အကျိုးကျေးဇူးများစွာ ဆောင်ရွက်သယ်ပိုးပေးသော ရှောင်ဝူယင်း )
( အဲ့အချိန်မှာ အမတ်မင်းဝမ်း သူ့ကို ဝင်ပူးသွားသလိုပဲ)
ဝူယင်းက ပထမဆုံးနိုးလာသော ယောက်ျားသားနောက် လိုက်သွားသည်။ ထိုယောက်ျားက မကြာခဏလည်း ခလုတ်တိုက်ကာ လမ်းဘေးရှိ တောတွင်းသစ်သီးများကို အဆာပြေကောက်စားလိုက်၊ ဟိုဟိုဒီဒီကြည့်လိုက်နှင့် လုပ်နေ၏။ ထို့နောက် နာရီဝက်ခန့်အကြာ သစ်တစ်ပင်အောက်ရပ်လိုက်ကာ ဘေးနားရှိသစ်ကိုင်းဖြင့် မြေကြီးကို တူးဆွနေလိုက်သည်။
ဝူယင်းကမူ မှောင်ရိပ်ထဲတွင်နေကာ မေးစေ့ကိုပွတ်ရင်းသပ်ရင်း ဆက်လက်ကြည့်ရှုနေ၏။ ထိုနေရာတွင် လျို့ဝှက်ဥမင်များ ရှိနေမည်လား။
သို့နှင့် နှစ်ပေအနက်သို့ရောက်သော် ထိုယောက်ျားက တွင်းထဲမှသည် ဘူးတစ်ဘူးကို ထုတ်ယူလာ၏။ ကြည့်ရသည်မှာ ရုပ်ဖျက်စရာပစ္စည်းကိရိယာအစုံ ဖြစ်ဟန်ရသည်။
ကျွတ် ၊ကျွတ်၊ သေချာပြင်ဆင်ထားတာပဲ။
ဝူယင်းက ထိုသို့ တွေးမိသွား၏။
သို့နှင့် အရေပြားမျက်နှာဖုံးတစ်ခုတပ်ကာ ရုပ်ဖျက်ပြီးသွားသည့်အခါ ထိုယောက်ျားက မတ်တတ်ရပ်လိုက်ပြီး တောင်ပေါ်မှဆင်းရန် လုပ်နေသည်။ ငှက်အုပ်တစ်သိုက် ထပျံလိုက်သည်ကိုပင် စိုးရိမ်ထိတ်လန့်သွားသော ထိုသူမှာ လက်ထဲရှိသေတ္တာအား ဘေးနားရှိမြစ်ထဲ ပစ်ချပြီး အစဖျောက်လိုက်၏။ နှစ်ရက်သုံးရက်မျှ အစာမစားရသည်မို့ သစ်သီးအချို့ကောက်စားလိုက်ရာ ဗိုက်ထဲတွင် အသံမျိုးစံုမြည်သွားပြီး တဆစ်ဆစ်ပင် ဗိုက်ရစ်ပြီး အောင့်လာသည်။
အတန်ကြာသည့်အထိ အပြေးတစ်ပိုင်း ပြေးနေသော ထိုယောက်ျားမှာ ခဏကြာတော့ ခြေထောက်များ ချည့်နဲ့အားနည်းလာကာ တောင်ပေါ်မှဆက်ဆင်းရန် အားအင်မကျန်တော့။ ထို့ကြောင့် အားအင်ပြန်စုရန် သစ်တစ်ပင်ထက်မှီလိုက်သည်။ မျက်ဝန်းများမှာမူ မျှော်လင့်ချက်များကုန်ခမ်းကာ လွန်စွာမှ ပင်ပန်းနေသည့်ဟန်။
ဝူယင်းကမူ ခေါင်းတတွင်တွင်ခါနေလျက်။
ဒီလိုဖြစ်မယ်မှန်း အစောကတည်းက သိရဲ့သားနဲ့ ဘာလို့ ဒီလိုေတွလုပ်နေသေးလဲ။
![](https://img.wattpad.com/cover/240412649-288-k263039.jpg)
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...