Arc 2.10
ယူရီကတစ်လတစ်ကြိမ်သူ့ဖခင်အရင်းနဲ့သွားတွေ့ရလေသည်။ အကြိမ်တိုင်းရိခိကမအားတာများသည်မို့၆လတစ်ကြိမ်သာတွေ့ဖြစ်ပေသည်။ ဒီတစ်ကြိမ်လိုက်ပို့ရန်အတွက် ရိခုကိုစေလွတ်လိုက်သည်။ ခါတိုင်းဂျွန်သို့မဟုတ် အီဆုခီ ကလိုက်စောင့်ပေးလေ့ရှိသည်။ ခရီးသွားစရာရှိသည်မို့ မည်သူမှမအားလပ်ကြပေ။
ရိခိကယူရီကိုပန်းခြံတစ်ခုတွင်ကြိုစောင့်နေသည်။ ရိခုကိုမြင်တော့သူ့မျက်ဝန်းတွေကပြောင်းလဲသွားကာ...
"အကို ကျွန်တော်မကူညီနိုင်ခဲ့လို့စိတ်မကောင်းပါဘူး"
ရိခုက "အခုအဆင်ပြေနေပြီမို့ဆက်မပြောပါနဲ့တော့"
ရိခိကခေါင်းငြိမ့်သည်။ သူကမိသားစုကိုမလွန်ဆန်နိုင်တဲ့Alphaလေ။ ရီစရာမကောင်းဘူးလား?
သူ့omegaသားလေးကိုတွေ့ရမဲ့အချိန်တိုင်းအဲ့မိသားစုကသူ့ကိုအမျိုးမျိုးအလုပ်တွေဖိခိုင်းသည်။ လက်ရှိဇနီးနဲ့သားတွေကလည်း သူယူရီလေးနဲ့တွေ့တာမကြိုက်ကြသော်လည်းဘာမှမပြောကြပေ။ ဒါပေမဲ့သူတို့ရဲ့ပုံစံကယူရီကိုမလိုလားမှန်းသိသာနေလို့ သူတို့မသိအောင်သာတိုးတိတ်စွာတွေ့ရသည်။
"ကလေးလေး...ဒယ်ဒီကလေးကိုတွေ့ရတာဝမ်းသာတယ် ဒယ်ဒီကိုဖက်ပေးပါလားဟင်"
ယူရီကရိခုလက်ကိုမလွတ်ပေးဘဲအနောက်မှနေ၍...
"ဒယ်ဒီလို့ခေါ်လို့မရဘူး"
ရိခိတင်မကရိခုပင်လန့်သွားသည်။
"ယူရီမှာဒယ်ဒီရှိပြီးသား...ဒါမို့ဒယ်ဒီ့ကို ပါးလို့ပဲခေါ်တော့မယ်"
"ဘယ်သူလဲ"
ရိခိကအံကြိတ်ကာပြောသည်။
"ကိုကိုတွေရဲ့ဒယ်ဒီကယူရီရဲ့ဒယ်ဒီပေါ့"
ရိခိနှလုံးသားအက်သွားရသည်။ ဒါပေမဲ့သူ့ကလေးကသူ့ကိုမွေးအဖေမှန်းသိသေးတာတော်သေးသည်ဟုနှလုံးသွင်းလိုက်ကာပေါ့ပါးသွားပြန်သည်။
ပန်းခြံထဲမှာကလေးကစားကွင်းတစ်ခုရှိသည်။ ၂နာရီစာငှားထားသည်မို့သူတို့၃ဦးသာရှိ၏။
YOU ARE READING
I am A System 30 (series-2) Arc-2
Teen FictionU ဘာမှန်းမသိတဲ့အပြစ်တွေကြောင့်hostပေါင်းများစွာနှင့်ကိုယ်တွယ်လက်တွဲနေရ သည့်system30 အမြဲကလိန်ကကျစ်ကျလွန်းလို့မှတ်ဉာဏ်အဖျက်ခံထားရသည့်host Mature onထားပါတယ်နော် .... ×ကျွန်တော်တို့က တစ်ယောက်ထဲအပေါ်မှာသစ္စာရှိပါမယ်... ×သူကလွဲပြီးတခြားသူထိလို့မရတာဘာကြော...