Unicode
လီလီပန်းတွေက မေးတယ်။
လူတွေဘယ်အချိန်ဆို လွမ်းတတ်ကြသလဲ။
တိတ်ဆိတ်ခြင်းတွေဟာ အဖြေရယ်။
အချိန်တိုင်းဟာ အလွမ်းနာရီ။###
အခုရက်ပိုင်း သီချင်းလေး တအေးအေး
လေလေးတချွန်ချွန်နဲ့ သွက်လက်နေတဲ့
သားငယ်ကို ကြည့်ရင်း Mrs Jeon က
ပျော်နေတယ်။သူမနဲ့သားရဲ့ ဆက်ဆံရေးက
ပြန်လည်ပြေလည်လာတော့မယ်လို့ ထင်နေတယ်။
ပြီးတော့ Jung က နေ့လယ် အိမ်ပြန်လာပြီး
သူမနဲ့အတူ ပွဲတစ်ခုတက်စရာရှိကြောင်းလာပြောမယ်
ပြောတယ်။သားငယ်ကြိုက်တတ်တဲ့အချိုပွဲနဲ့ ကိတ်ကို
မနေ့ညကတည်းက။ ပြင်ဆင်ထားလိုက်တာ
လက်တွေခြေတွေညောင်းကိုင်တတ်တဲ့
အထိပါပဲ....။ဧည့်ခန်းထဲမှာ အရှေ့လျှောက်လိုက် အနောက်လျှောက်
လိုက် ခြေလှမ်းတွေ။ လက်မှာပတ်ထားသည့်
နာရီဆီကို စက္ကန့်နှင့်မလပ်ရောက်နေသည့်
မျက်ဝန်းတွေ...။အမေတစ်ယောက်ရဲ့ ရင်အခုန်ဆုံးအချိန်က
သူမချက်ထားတဲ့ ထမင်းနဲ့ဟင်းတွေကို သားသမီးတွေ
ပျော်ပျော်ရွှင်ရွှင်စားနေတဲ့ အချိန်နဲ့
သားသမီးတွေ အိမ်ပြန်အလာကို မျှော်နေရတဲ့
အချိန်သာဖြစ်တယ်။Jung ရဲ့ ကားရပ်သံကြားရမှ Mrs Jeon
စိတ်ကို ဒုန်းဒုန်းချန်ိုင်တော့တယ်။ သူမက
သားမလာမှာကို စိုးရိမ်နေတာ...။ဧည်းခန်းစားပွဲက တွေ့ကရာသတင်းစာကို
ကောက်ကိုင်ကြီး ခုံတစ်ခုပေါ်မှာ အကျအန
ထိုင်လိုက်တယ်...။ နှဖူးမှာစီးကျနေတဲ့
ချွေးစလေးတွေကိုလည်း လက်ခုံဖြင့်သုတ်လိုက်
ရသေးတယ်...။သားငယ်ရဲ့ ခြေသံကိုနားစွင့်တယ်...။
တံခါးဟာ ပွင့်လာတယ်...။ သူမကမ္ဘာမှာ
လ အစင်းနှစ်ဆယ်လောက်တောက်ပလာပြီး
အေးချမ်းသွားတယ်...။" အမေ... "
သားငယ်ရဲ့ အသံကိုကြားမှ ခေါင်းမော့ကြည့်
မိတယ်...။
ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ သားငယ်က သူမဆီကို
လမ်းလျှောက်လာတယ်...။နေရာကထရင်း သားငယ်လက်ကို
သွားဆွဲမယ်လုပ်တော့ Jung ရဲ့နောက်က
ထွက်လာတဲ့ ဖြူဖြူအုအုကောင်လေး...။
ခြေလှမ်းတွေဟာ။ ရုတ်ချည်းရပ်တန့်ကုန်တယ်။
သူမက Jung သူငယ်ချင်းမခေါ်ခဲ့ဘူးလို့
ထင်နေတာ...။ Jung နဲ့အေးအေးဆေးဆေး
စကားပြောရမယ်ထင်ပြီးလေ..။
ESTÁS LEYENDO
Ruin The Planet Again