5

562 76 4
                                    

Unicode 

"ဒီနေ့တော့ Tae ပခုံးတွေကို
ကျနော် နမ်းမယ် "

လည်ပင်းအလယ်ကိုရောက်လာတဲ့
Jungရဲ့ နှုတ်ခမ်းတွေက ခပ်နွေးနွေး။
စိုစွတ်သွားသည့် လည်ပင်းတစ်နေရာကိုခံစားမိတိုင်းjungဆံပင်တွေထဲ ကျနော့်လက်တွေ ရုန်းမိတယ်..။
ကော်လံကို လက်နှစ်ဖက်ဖြင့်ဆွဲကိုင်မိတယ်...။
ခြေချောင်းတွေဟာ အတင်းကို ကုပ်လာတယ်။
ဒါတွေက Jung အနမ်းတွေကို တပ်မက်မှု
ဖြစ်လိမ့်မယ်...။

ညာဖက်ပခုံးထက်က အင်္ကျီစကို
Jungကအတင်းဆွဲချနေတယ်...။
ပခုံးကိုပေါ်ကို ရောက်လာတဲ့ ခပ်ဖွဖွ
အနမ်းတွေ...။

တစ်ခါအနမ်းခံရတိုင်း အသစ်တဖန်ပြန်မွေးဖွားလာတယ်လို့ထင်ရတယ်...။ Jungဟာကျနော့်ရဲ့
အရောင်ကွဲ ကမ္ဘာတစ်ခုဖြစ်တယ်။
ကျနော်တစ်ဦးတည်းသာ အသက်ရှင်နေထိုင်ခွင့်
ရှိတာမျိုးပေါ့...။

ကားနောက်ခန်းထောင့်မှာ Taehyung ရဲ့
ကိုယ်လုံး ကို ကပ်ထားပြီး Jungကအပေါ်ကနေ
အုပ်မိုးထားတယ်။ မနက်ဖြန်မရှိတော့သလိုမျိုး
သူကနမ်းနေတာ။ Jungရဲ့လက်ချောင်းတွေက
Taehyung ၏ခါးကိုကျစ်နေအောင်ကို ဆုပ်ကိုင်
ထားတယ်။ ဘယ်နှစ်ခါလောက် ကျနော်တို့
နမ်းပြီးသွားခဲ့ကြပြီလဲ Jung ...။အကြိမ်တစ်
ထောင်လား။အကြိမ်တစ်သောင်းလား။

ကြေမွနေတဲ့ အင်္ကျီကော်လံနဲ့ ခါးပိုင်းတွေကို
ပြန်ပြင်ပေးပြီး Jung က driver seat မှာ
ဝင်ထိုင်တယ်။ ဖူးယောင်နေတဲ့ Taehyung
ကိုနှုတ်ခမ်းကို ကြည့်ပြီးပြုံးနေသေးတယ်။
သူ့ကြောင့်နဲ့Taehyung ဟာ mr Kim ကို
လိမ်ရပေါင်းများပြီလို့ပြောတယ်။
အကြောင်းပြချက်မရှိ အဲ့တာကို Jung ဟာ
သဘောကျတယ်။

ကားစက်ကိုဖြည်းဖြည်းချင်းနှိုးတော့
ရင်ခုန်သံတွေကို ကားစက်သံအောက်မှာ
ဖုံးဖိထားလို့ရတယ်...။
ပုံပြင်တစ်ဖက်ကိုကျော်ကြည့်ကြမယ်။
Romeo ဟာလဲ မင်းသားလေးတစ်ယောက်နဲ့
ချစ်ကျွမ်းဝင်ခဲ့တယ်...။

နှဖူးပေါ်မှာ ကပ်ညိနေသည့် ချွေးစလေးတွေကို
Jung ဟာ လက်ခုံဖြင့်ခပ်ဖွဖွသုတ်ပေးရင်း

" ကိုယ်tae ကိုနမ်းရတာကို သိပ်မြတ်နိုးတာပဲ"

အဲ့လိုပြောတော့ Taehyung မျက်နှာမှိုင်ကျသွားတယ်
နှုတ်ခမ်းတွေကတော့ ပြုံးနေတယ်။

You've reached the end of published parts.

⏰ Last updated: Aug 19, 2023 ⏰

Add this story to your Library to get notified about new parts!

Ruin The Planet Again Where stories live. Discover now