ဒယ်ဂူးမြေမှကြိုဆိုပါ၏(၁)

27 5 0
                                    

🍃အပိုင်း(၁)

ဆိုလ်းမြို့ရဲ့ပင်လယ်ဆိပ်ကမ်းမှာကျောက်ချထားတဲ့အပျော်စီးသဘော်တစ်စီးသည်လူတွေငေးမောကြည့်ရလောက်တဲ့အထိလှလှပပနဲ့တည်ဆောက်လို့ထား၏

ထိုခရီးစဉ်မှာလိုက်ပါကြမယ့်ခရီးသည်တွေကတော့အပျော်စီးသဘော်တည်ရှိရာမှာရောက်ယှတ်ခတ်‌လို့

တချို့တွေကတော့အိမ်စီးကားတွေနဲ့လာကြပြီးအထုပ်တွေချသဘော်ပေါ်တင်ကြနဲ့အလုပ်တွေရှုပ်နေဆဲ

ထိုလူအုပ်တွေကြားထဲကနေတစ်ယောက်နဲ့တစ်ယောက်လက်ချင်းချိတ်ပြီးခရီးဆောင်အိတ်လေးကိုဆွဲလာကြတဲ့ချစ်သူနှစ်ဦး

      ~~~~~ဒယ်ဂူးမြေမှကြိုဆိုပါ၏~~~~~~

သဘော်ပေါ်ကိုတက်ဖို့အတွက်လက်မှတ်ဖြတ်တဲ့နေရာကိုရောက်လာကြတဲ့သူတို့နှစ်ဦးကတော့ထိုနေရာမှာရပ်လိုက်ပြီးတစ်ယောက်ကိုတစ်ယောက်ကြည့်နေလျှက်..

Jihoon-ကိုယ့်ကိုအခန်းထဲမှာစောင့်နေနော်ပြီးတော့မွှေးမွှေးကြိုင်ကြိုင်လေးလည်းလုပ်ထားဦးကိုယ်လာရင်...

ပြောနေတဲ့ဂျီဟွန်းရဲ့လက်ကိုပုတ်လိုက်တဲ့ထယ်ယောင်း
ပုံစံကပါဝါအထူကြီးရှိတဲ့မျက်မှန်အဝိုင်းကြီးကိုတပ်လျှက်ဆံပင်ကလည်းမုန့်ကြိုးလိမ်လိုကောက်ကွေးနေပြီးဝတ်ထားတာကလည်းပုံမလာ

TH-သဘော်ပေါ်ရောက်တော့မှာဘာတွေလျှောက်ပြောနေတာလဲဟွန်..

Jihoon-ခနလေး..ခ‌နလေး

အထုတ်တွေကိုဆွဲပြီးသဘော်ပေါ်ကိုတက်တော့မယ့်ထယ်ယောင်းကိုသူ့ချစ်သူကလှမ်းတားသည်။

TH-ဘာလို့လဲ

Jihoon-အထုတ်တွေကကိုယ်သယ်လာခဲ့မယ်သွားမင်းကလက်မှတ်တွေသာယူပြီးအခန်းထဲကသာစောင့်နေ

TH-အိတ်ထဲမှာပိုက်ဆံတွေပါတယ်နော်သတိထားဦး

Jihoon-အင်းပါမင်းကသာအရင်သွားနှင့်သွား

ချစ်သူကတစ်ခွက်လောက်သောက်ပြီးလိုက်လာခဲ့မယ်ပြောတာကြောင့်သူ့အတွက်လက်မှတ်တစ်စောင်ထားခဲ့ပြီးလက်မှတ်တစ်စောင်ယူလာခဲ့လိုက်သည်။
သဘော်ကလည်းမကြာခင်မှာထွက်တော့မှာမို့လို့အခန်းရှိတဲ့နေရာကိုဘဲထယ်ယောင်းသွားလိုက်မိသည်။
သူ့ရဲ့အူတူတူနဲ့ကြောင်တောင်တောင်ဒီဇိုင်းကြောင့်လျှောက်လမ်းတစ်လျှောက်လူတွေကဝိုင်းကြညိ့နေကြသည်။

ဒယ်ဂူးမြေမှကြိုဆိုပါ၏Where stories live. Discover now