-1-

1.1K 49 10
                                    

Author_NanonChan
Types_Zhanyi/BL
Date_24.8.2023

Unicode
.
.
.
.
.
.
.
ခါးသက်သက်ကော်ဖီအရသာက နှလုံးသားအထိပါစိမ့်ဝင်သွားတယ်။ ပြာလဲ့လဲ့ကောင်းကင်က အရောင်ပြောင်းလာပြီး မိုးစက်လေးတွေကျလာတဲ့ မြင်ကွင်းဟာ ဘာနဲ့မှမလဲနိုင်ဘူး။အခန်းတွင်းဟာ အမှောင်ရိပ်ကျနေပြီး စားပွဲလေးပေါ်မှာ မှတ်စုစာအုပ်တစ်အုပ်နဲ့ ဖောင်တိန်တစ်ချောင်းရှိနေတယ်။

စာအုပ်လေးဟာ စာမျက်နှာ6အထိ လှန်ခံထားရပြီး စာအုပ်ပိုင်ရှင်ရဲ့ လက်ရေးလေးတွေက နေရာယူထားတယ်။

ခါးသက်သက်ကော်ဖီတစ်ခွက်ကို သောက်ရင်း မိုးစက်လေးတွေကို ငေးကြည့်မယ်။မှတ်စုစာအုပ်လေးထဲမှာ အစ်ကိုနဲ့ပတ်သက်သမျှ ချရေးရင်း အတိတ်တွေကို ပြန်တွေးနေမယ်။

အစ်ကို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို အရူးတစ်ယောက်လို သူမျှော်လင့်နေဆဲပါပဲ။မဖြစ်နိုင်ဘူးဆိုရင်တောင်...သံယောဇဉ်ကြိုးလေးတစ်ချောင်း။တကယ်ကို သံယောဇဉ်ကြိုးလေးတစ်ချောင်းတော့ ကျန်ရှိနေစေချင်ပါတယ်။

ဖိတ်စာကဒ်အပြာနုနုလေးကို သူဖွင့်ကြည့်လိုက်တဲ့အချိန် သတို့သားနေရာမှာ သူပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ရှိနေခဲ့ပြီး သတို့သမီးနေရာမှာတော့ မိန်းမလှလေးတစ်ဦးရဲ့နာမည်က ရှိနေခဲ့သည်။

ပေကျင်းလမ်းမမှာ ကားတွေပိတ်နေတာမို့ အစ်ကိုဟာ ပုံမှန်ထက်ပိုပြီး နောက်ကျနေခဲ့တာဖြစ်နိုင်ပါသည်။

မကြာမီအချိန်မှာ အစ်ကိုဟာ အခန်းတံခါးကိုဖွင့်ပြီး ဝင်လာတော့မည်။မနက်ပိုင်း အလုပ်သွားပါသည်ဆိုတဲ့အစ်ကိုဟာ ရယ်မောပျော်ရွှင်စွာနဲ မင်္ဂလာခန်းထဲရောက်နေခဲ့ပြီး အစ်ကို့စကားကို အကြွင်းမဲ့ယုံကြည်ထားတဲ့ သူ့ကို လိမ်ညာခဲ့သည်။

တံခါးဖွင့်သံကို ကြားလိုက်ရပြီး ခြေသံတစ်ခုလည်းပေါ်လာခဲ့သည်။ဒါပေမဲ့ သူလှည့်မကြည့်ခဲ့ပါ။နာကျင်စွာနဲ့ ငိုရှိုက်ထားတဲ့ သူ့မျက်လုံးဖောင်းဖောင်းတွေကို အစ်ကို့ကိုမမြင်စေချင်ခဲ့ဘူး။သူထိုင်နေတဲ့ စားပွဲခုံနား အစ်ကိုရောက်လာပြီး အနောက်ကနေသူ့ကို ဖက်ထားခဲ့သည်။ယောက်ျားဆန်တဲ့ ကိုယ်သင်းရနံ့နဲ့ မွှေးပျံပျံရေမွှေးရနံ့တို့ ပေါင်းစပ်ထားတဲ့ အစ်ကို့ရဲ့ ကိုယ်သင်းရနံ့ကို သူရှူရှိုက်လိုက်မိသည်။နောက်ဆိုရင် ဒီရနံ့အပါအဝင် ဒီလူသားလေးကိုပါ သူထိတွေ့ခွင့်မရှိတော့ဘူး။

When the stars disappear✨Where stories live. Discover now