မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ ၇

2 1 0
                                    

နေ့သစ်  မန္တလေးကနေ ကလောသွားတဲ့လမ်းတလျှောက်လုံး စိုးရိမ်စိတ်ကြောင့် တစ်ရေးမှမအိပ်နိုင်ပါ။ကလောမြို့အဝင်ရောက်တော့မှသာ အနည်းငယ်စိတ်အေးနိုင်တော့သည်။နေ့သစ် အနေနဲ့တကယ်ပဲ
ဦးခန့်ညားသွေး ရဲ့ လက်ထဲကနေလွတ် မြောက်နိုင်ခဲ့ပြီပဲ။

" ရောက်ပါပြီ "

" ဒီအထိ ကားကိုဂရုတစိုက်နဲ့မောင်းပြီးပို့ပေးတာကျေးဇူးတင်ပါတယ် "

" ရပါတယ်၊ဦးလေးက သူဌေးခိုင်းတဲ့လုပ်ပေးရုံပါပဲ "

" သွားလိုက်ပါဦးမယ် ဦးလေး "

အဖြူရောင်ဆေးသုတ်ထားသော နှစ်ထပ်အိမ်လေး။ပန်းဆီရောင်စက္ကူပန်းလေးတွေက ခြံစည်းရိုးပေါ်တွင်အလှဆင်ထားသည်။ခြံထဲကနေ သက်လတ်ပိုင်းအမျိုးသမီးတယောက်နဲ့ကလေးမလေးတယောက်က သူ့ကိုလာကြိုနေ သည်။

" သားက စိုင်းနေ့သစ် လား "

" ဟုတ်ပါတယ်။ကျွန်တော်က
စိုင်းနေ့သစ်ပါ "

" ဒေါ်လေးနာမည်က သန်းသန်းပါ။ဒါက ဒေါ်လေးတူမလေး ကြယ်လေးတဲ့ "

သူ့ကိုကြည့်ပြီး ပြုံးပြနေတဲ့ကလေးမလေးကိုကြည့်ပြီး နေ့သစ်ပျော်သွားသည်။ဂုတ်ဝဲသာသာဆံပင်လေးကိုနှစ်ဖက်ခွဲပြီး အမြင့်စီးထားတဲ့ဒီကလေးလေးကအရမ်းချစ်ဖို့ကောင်းတာပဲ။
နေ့သစ် ကအရင်ကတည်းက ကလေးချစ်တတ်တာမို့ အထူးကု​လုပ်ရင်တောင်ကလေးဆရာဝန်လုပ်ဖို့စိတ်ကူးထားတာ။

" လာ...လာအိမ်ထဲဝင်ရအောင်။သားလာမယ်လို့သူဌေးလေး ကဒေါ်လေးကိုဖုန်းဆက်ပြီး ပြောထားတယ် "

" ဟုတ် "

ရောက်ရောက်ချင်း သူ့ကိုနွေးထွေးစွာကြိုဆိုတဲ့ဒေါ်လေးကြောင့် နေ့သစ် အနည်းငယ်စိတ်သက်သာရသွားသည်။
ဧည့်ခန်းထဲရောက်တော့ စောနကကလေးမလေးက သူ့ကိုအအေးခွက်လာချပေး သည်။

" မီးမီအသက်က ဘယ်နှနှစ်ရှိပြီလဲ  "

" ၆ နှစ်ရှိပါပြီတယ်ရှင် "

" ချစ်ဖို့ ကောင်းလိုက်တာ "

" သမီးရေ အောက်ထပ်မှာသွားဆော့ချည်နော်။ဒေါ်လေးက ဧည့်သည်ကို ညစာပြင်ပေးရဦးမှာမို့ "

မင်းဖန်ဆင်းတဲ့ ရင်ခုန်သံWhere stories live. Discover now