" ၂ပတ်အတွင်း သူ့ကိုငါ့မျက်စိရှေ့ပြန်ရောက်လာစေချင်တယ် "
" ဦးခန့်ညားသွေး ကျွန်တော့တို့ကိုဒီထက်ပိုပြီးအချိန်နည်းနည်းပိုပြီးပေးနိုင်
မလား။သွားနိုင်တဲ့နေရာ သဲလွန်စလည်း မရှိတော့ အချိန်ယူရမှာမို့လို့ပါ "" မင်းတို့က အချိန်ဘယ်လောက်ယူမှာ
လဲ "" အလွန်ဆုံး ၁ လပါပဲ "
" ငါ့အနေနဲ့ ၃ပတ်ထက်ပိုပြီးမစောင့်နိုင်ဘူး "
" အဲ့ဒါက..... "
" မင်းတို့ မလုပ်နိုင်ရင်တခြားအဖွဲ့ကိုလွှတ်လိုက်မယ် "
" လုပ်...လုပ်နိုင်ပါတယ် "
" သူ့ကိုဆံပင်တမျှင်တောင် မထိခိုက်စေပဲငါ့ရှေ့ကိုပြန်ခေါ်လာခဲ့။ဒီCard ထဲက သိန်းတထောင်ကမင်းတို့ထဲက သူ့ကို
အရင် ရှာတွေ့တဲ့သူအတွက်ပဲ "" နားလည်ပါပြီ "
စံအိမ်ရဲ့ဧည့်ခန်းထဲတွင် ဝတ်စုံပြည့်နဲ့လူတွေအယောက် ၂၅ လောက်မတ်တပ်ရပ်နေကြသည်။စံအိမ်ထဲကိုဒီလူတွေက ဘာလို့ရောက်နေတာလဲ။ထိုလူတွေကတော့ သွေးကိုတွေ့တာနဲ့အရိုအသေပေးကြသည်။
" မင်းတို့က ဘယ်သူတွေလဲ "
" ကျွန်တော်တို့ကို ဦးခန့်ညားသွေး ကခေါ်ထားတာပါ "
" ဦးခန့် ကအခုဘယ်မှာလဲ "
" အပေါ်ထပ်က ဝရန်တာမှာပါ "
သွေး တယောက်အပေါ်ထပ်ကဝရန်တာဆီသို့မြန်မြန်ဆန်ဆန် တတ်လာခဲ့လိုက်သည်။သွေး အပေါ်ထပ်ကိုရောက်တော့ ဝရန်တာကိုလက်ထောက်ကာဝိုင်ခွက်ကိုင်ထားသည့် ဦးခန့် ကိုတွေ့လိုက်ရသည်။
" ပြန်ရောက်ပြီလား.....သွေး "
" အောက်ထပ်ကလူတွေက ဦးခန့်ခေါ်ထားတာလား "
" အင်း၊လုပ်စရာရှိလို့ ခဏခေါ်ထားတာ "
" ဘာအတွက်လဲ "
" ....... "
" စိုင်းနေ့သစ် ကိုရှာဖို့အတွက်လား "
"........ "
သူ့ကို မေးခွန်းတွေတစ်ခုပြီးတစ်ခုမေးနေတဲ့ တူဖြစ်သူရဲ့မေးခွန်းတွေကို
ခန့်ညားသွေး ဖြေဖို့တွန့်ဆုတ်နေမိသည်။အခုသူ့စိတ်ထဲမှာရှိတဲ့ တစ်ခုတည်းသောအရာကနေ့သစ်ကိုပြန်ရှာဖို့ပဲ။မင်းဘယ် ကိုများထွက် ပြေးသွားတာလဲကွာ။ကိုယ်ဘယ်လောက်တောင် စိတ်ပူနေရလဲ
မင်းသိရဲ့လား။ဒီတခါပြန်တွေ့ရင် မင်းကိုဘယ်ကိုမှသွားခွင့် မပြုတော့ဘူး။
YOU ARE READING
မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ
RomanceMain Lead Couple " ငါမင်းကို ချစ်မိနေတာကြာပြီလို့ပြောရင်မင်းဘာလုပ်မှာလဲ" * ကောင်းကင်မာန်* { Age - 26 Occupation - Chef Clothing Style - Freestyle & Well-dressed } " ငါတို့က သူငယ်ချင်းတွေလေ " ...