🖇

1.9K 194 23
                                    

ခုံအောက်ကနေသူ့ခြေထောက်ကို
တမင်လာလာထိနေတဲ့ဂျောင်ဝန်းရဲ့ခြေထောက်ကြောင့်
ဆောနူမျက်ခုံးတွေတွန့်ချိုးပြီးတော့
အနောက်ကိုလှည့်ကြည့်လိုက်တယ်။

မသိချင်ယောင်ဆောင်ပြီး
ခပ်တည်တည်နေနေတဲ့ယန်ဂျောင်ဝန်းက
ခုံကိုနောက်မှီထိုင်လို့ပီကေကိုလူမိုက်ဇိုက်နဲ့ဝါးပြနေတာ
သူ့ကိုစိတ်ထဲဘယ်လိုမှမထားသလို။

ဆောနူ စိတ်လေလေနဲ့ခေါင်းခါပြီး
ရှေ့ပြန်လှည့်လိုက်ရတယ်။
အဲ့လောက်ဆိုသူသိလိုက်ပြီ
သူ့ကိုတမင်အမြင်ကတ်အောင်လုပ်ပြနေတယ်ဆိုတာ။

ပြီးရင်အဲ့ပီကေကိုလည်းသူ့ခုံမှာပဲကပ်သွားဦးမှာ ၊
လက်ကမြင်းပြီး စာရွက်တွေနဲ
လေယာဥ်ခေါက်ထားတာတွေကိုလည်း
သူ့ခုံအောက်မှာပဲချခဲ့ဦးမှာ ၊
စာသင်နေတဲ့တစ်လျှောက်လုံးလည်း
အာရုံစိုက်မရအောင် ဘောပင်နဲ့ခုံကို
တတောက်တောက်လုပ်ပြီး ခေါက်နေဦးမှာ ၊
သူ့နောက်ကျောမှာလည်း စာရွက်တွေနဲ့
လျှောက်ရေးပြီးကပ်ချင်ကပ်ထားဦးမှာ ...

အဲ့ဒီယန်ဂျောင်ဝန်းက သူ့ကိုမှကွက်ပြီးဘာတွေမကြည်နေလဲမသိ။

နေ့တိုင်းနီးပါးသူ့ကိုဒုက္ခမပေးဘဲနေတယ်ဆိုတာကိုမရှိဘူး။

မကျေနပ်သောအကြောင်းအရာများကို
တဝကြီးစဥ်းစားပြီးတဲ့နောက် ဆောနူ
ဖတ်စာအုပ်ကိုပိတ်လိုက်ပြီး အပေါ်က
ထပ်ကာ မှောက်အိပ်လိုက်မိသည်။

သို့သော်လည်းကြာကြာမအိပ်လိုက်ရ
အတန်းခေါင်းဆောင်ရဲ့သင်္ချာဆရာလာနေပြီဆိုတဲ့
အသံကြောင့် ဆောနူမှောက်အိပ်နေရာကနေ
သွက်သွက်လက်လက်ထလိုက်ရ၏။
ထို့နောက်ဖတ်စာအုပ်ကို
မနေ့ကသင်ပြီးသွားတဲ့စာမျက်နှာဆီ
တစ်ခါတည်းလှန်ထားလိုက်မိသည်။

ဒါပေမယ့်သူ့ခေါင်းကိုကျော်လို့အနောက်ကနေ
စာအုပ်ကိုဖျတ်ခနဲလှမ်းဆွဲလိုက်တဲ့ဂျောင်ဝန်းကြောင့်
ဆောနူမျက်ဝန်းတွေပြူးကျယ်သွားရတယ်။

"ဘာလုပ်တာလဲ"

ယန်ဂျောင်ဝန်းကပြန်မဖြေ။
ယူသွားတဲ့စာအုပ်ကိုသာရှေ့ချလို့
ဟန်ပါပါနဲ့စိုက်ကြည့်နေတယ်။

Stuck with you [YANGSUN] | Commission Where stories live. Discover now