အပိုင်း -၁၃၅ (ညဉ့်နက်နေပြီကို ဘာလို့ အိမ်ပြန်မလာတာလဲ)
(သဝန်တိုနေသော ခေါင်းဆောင်ကျောက်)
ယိုတာ့ယွီက သူ့အိမ်ရှိ စာကြည့်ခန်းထဲ ဧည့်သည်များနှင့် စကားပြောနေစဉ် အမတ်မင်းဝမ်း အလည်လာကြောင်း အိမ်တော်ထိန်းမှ လာရောက်အကြောင်းကြားရာ တစ်ခုခုတော့ လွဲချော်နေပြီဟု သိလိုက်သည်။
"ဘယ်သူ?"
အိမ်တော်ထိန်းက နောက်တစ်ကျော့ ထပ်ပြောလာ၏။
"အမတ်မင်းဝမ်းပါ။ အမတ်မင်းကျန်းယွင်လည်း ပါပါသေးတယ်"
ကျန်းယွင်နဲ့?
ယိုတာ့ယွီမှာ မျက်မှောင်အနည်းငယ်ကြုတ်သွားကာ ထိုသူတို့ကို ဧည့်ခန်းဆောင်သို့ ခေါ်သွားစေပြီး လက်ဖက်ရည်ဖြင့် ဧည့်ခံထားရန် မှာလိုက်သည်။ ထို့နောက် သူကိုယ်တိုင်ပါ လိုက်လာခဲ့၏။
"အမတ်မင်းယို"
ဝမ်းလျိုနျဲန်က လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ချကာ ပြုံးပန်းတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်သည်။ဘေးနားတွင်ရပ်နေသော ကျန်းယွင်မှာ အားနာနေဟန်ရ၏။
"ဒီနေ့ အမတ်မင်းဝမ်း အားလပ်နေတာပါ့ရော"
ယိုတာ့ယွီက ပြုံပြလိုက်ပြီး ဆက်ပြောလာ၏။
"လာမယ်ဆိုတာ ကြိုမသိလိုက်ဘူးဗျာ။ မဟုတ်ရင် ဒီထက်ပိုပြီး အရည်အသွေးကောင်းတဲ့ လက်ဖက်ရည်ကောင်းကောင်းလေး ပြင်ထားဖြစ်မှာ"
ဝမ်းလျိုနျဲန်က စိတ်ရင်းဖြောင့်မှန်စွာ ဆိုလာ၏။
"အမတ်မင်းယိုကို အားနာမိပါပြီ။ ခုနေ ပြင်ဆင်လို့လည်း နောက်မကျေသးပါဘူးခင်ဗျာ"
ကျန်းယွင်မှာ ဟားခနဲ အော်ရယ်ချင်သွားသည်။
ယိုတာ့ယွီမှာ ခေတ္တမျှ ကြောင်အသွားကာ အမှုထမ်းတစ်ယောက်ကို လက်ဖက်ရည်အကောင်းစား ထပ်သွားဖျော်ပေးပါရန် အမြန်စေခိုင်းလိုက်၏။
ဤအမတ်မင်းမှာ သာမန်ေညာင်ည မြို့တစ်ခုမှသည် ရွှေမြို့တော်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကာ ညီလာခံထဲတွင် တရားဝင်ရာထူးမရသေး။ သို့သော်လည်း ဧကရာဇ်၏ အလေးအပေးခံရဆုံးလူဖြစ်ရာ ဩဇာအာဏာတော့ကြီးသည်ဟု လူတိုင်းသိထားကြသည်။ ယခုထက်ထိတိုင် မှူးမတ်အပေါင်း၏အကြီးအကဲဖြစ်သော မဟာသေနာပတိအမတ်မင်းရာထူးမှာ လစ်လပ်နေဆဲဖြစ်ရာ ဧကရာဇ်က မည်သူ့ဆီ ထိုရာထူးေပးအပ်မည်ဖြစ်ကြောင်း များများစားစားတွေးစရာမလိုဘဲ သိနိုင်ပေ၏။ ထို့ကြောင့် ထိုအမတ်မင်းကို မည်သူကမှ စော်ကားမော်ကား မလုပ်ရဲပါချေ။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...