ဆိုးလ်မြို့တော်ရဲ့ တစ်နေရာမှာ နန်းတော်ကြီးသဖွယ် ခန်းနားထယ်ဝါလှတဲ့ Bang အိမ်တော်ကြီး...
အိမ်တော်ကြီးရဲ့ အကျယ်အဝန်းက ခန့်မှန်းလို့မရအောင်ပင် ကျယ်ဝန်းလှ၏။
အစောက်အရှောက်အခြံအရံပေါင်းများစွာနှင့် အိမ်တော်ရဲ့အပြင်အဆင်က နန်းတော်ကြီးတစ်ခု အလား။
Bang အိမ်တော်ကြီးဟာ လူတိုင်းရဲ့ အိပ်မက်တိုင်းပြည်ကြီးတစ်ခု ကိုးရီးယားနိုင်ငံတွင်သာမက ပြည်ပနိုင်ငံ အတော်များများကပါ မသိသူမရှိတဲ့ Bang သခင်ကြီးက များစွာသော လုပ်ငန်းတွေရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့အပြင် ချောမောခန့်ညားတဲ့ သားဖြစ်သူကြောင့် သမီးရှင် သူဌေးများရဲ့ချဉ်းကပ်ခြင်းတွေကလည်း အမြောက်အများ.....။
Bang သခင်ကြီးက ချဉ်းကပ်လာသမျှ သမီးရှင်တိုင်းကို အနုနည်းနဲ့ပဲ ပထုတ်တက်တယ်...
အကြောင်းအရင်း ကတော့ သားဖြစ်သူရဲ့ အလိုမကျမှုကြောင့်သာ.....
ငယ်ငယ်ကတည်းက မိခင်မရှိပဲ ကြီးပြင်းလာခဲ့ရတဲ့ သားဖြစ်သူက သူ့အတွက်ညာလက်ရုံး...လိမ္မာပြီး ထက်မြတ်သေချာတဲ့ သားဖြစ်သူကို သူ့လုံးဝယုံကြည်တယ် သူ့ရဲ့အလုပ်ကိစ္စမှန်သမျှ သားဖြစ်သူထံ အကုန်လွဲပြောင်းပြီး အနားယူနေတာ အတော်ကြာပြီ သားဖြစ်သူကလည်း တော်တော့ Bang သခင်ကြီးရဲ့ဂုဏ်အရှိန်အဝါက လျှော့မသွား။
လူတိုင်းတက်မက် မျှော်လင့်လှတဲ့ Bang အိမ်တော်ကြီးထဲကို ဘယ်အမျိုးသမီး ဘယ်သမီးရှင်ကမှ ဝင်ခွင့်မရခဲ့ပါဘူး.....
ဒါပေမယ့် Bang အိမ်တော်ကြီးထဲမှာ
အိမ်ရှေ့စံသဖွယ် ခစားခံနေရတဲ့ လူငယ်လေးတစ်ယောက်တော့ ရှိလေတယ်..............…..….………………………………….….
လှောင်အိမ်ထဲက ငှက်လေးတစ်ကောင်လိုပဲ
ကျနော့်ဘဝကလည်း ပိတ်လှောင်ခံထားရတယ်ဘယ်လို အကြောင်းကြောင့်လည်း ဆိုတာကို ကျနော်ကိုယ်တိုင်လည်း မသိခဲ့ဘူး.....
ကျနော့်ဘဝကြီး အမှောင်ကျနေတာ အတော်ကြာခဲ့ပြီ အတိအကျပြောရရင် အဲ့ဒီလူထူးလူဆန်း တစ်ယောက်နဲ့ စတွေ့ပြီးကတည်းကဲ...
YOU ARE READING
HWANG
Fanfictionသူ့ရဲ့ ကောင်းတဲ့ဘက်ခြမ်းကိုရော ဆိုးတဲ့ဘက်ခြမ်းကိုပါ လက်ခံနိုင်ဖို့ဆိုတာက ကျွန်တော့်အတွက်မဖြစ်နိုင်ဆုံးအရာပဲ _Hwang_