မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ ၁၀(+)

2 0 0
                                    


သွေး တမနက်ခင်းလုံးအိပ်ပြီးနောက်ညနေရောက်တော့အပြင်မှာမုန့်ထွက်စားချင်တယ်လို့ ပြောလို့ဆိုပြီးချက်ချင်းလိုက်ပို့ပေးတဲ့ မာန်။Shopping Mall
ထဲရောက်တော့သွေး သူကြိုက်တဲ့မုန့်တွေကိုတွန်းလှည်းထဲ တခုပြီးတခုထည့်ပြီးထည့်နေသည်။မာန် ကတော့သူ့နောက်ကနေမုန့်အပြည့်ထည့်ထားတဲ့ တွန်းလှည်းကိုတွန်းကာ လိုက်ခဲ့သည်။

" မာန်......အပြန် Lotteria မှာမုန့်စားရအောင် "

" အင်း၊သွားမယ်လေ "

Lotteria ဆိုင်ထဲကိုရောက်တော့ မာန်ကသူစားချင်တဲ့ Menu သွားမှာပေး သည်။ကောင်တာမှာ မုန့်မှာနေတဲ့ မာန့်ကိုတချက်ငေးကြည့် မိလိုက်သည်။ဆံပင် တွေကိုနေကာမျက်မှန်နဲ့ သပ်တင်ထားတဲ့ မာန့်ပုံစံက တော်တော်ကြည့်ကောင်းတယ်ဆိုတာ ငြင်းလို့မရတာတော့အမှန်ပဲ။အထူးသဖြင့် အနက်ရောင်တီရှပ် လက်တိုဝတ်ထားတာကြောင့်လက်မောင်း ကြွက်သားတွေကသိသိသာသာ မြင်နေရသည်။မနေ့ညတုန်းက ငါအဲ့လက်မောင်းတွေကို ခေါင်းအုံးလုပ်ပြီးတော့ အိပ်ခဲ့တာပဲ။ငါဘာလို့ အဲ့တာတွေကိုပြန်တွေးနေမိတာပါလိမ့်၊ရှက်စရာ ကောင်းလိုက်တာ။

" မင်းမှာထားတဲ့ Chicken nugget နဲ့ Iced Lemon Tea၊ဒါက Chessy Chicen "

" ကျေးဇူးပါ "

" သွေး....မင်းရဲ့ လက်ပေး "

" ဘာဖြစ်လို့လဲ "

" အင်္ကျီလက်ခေါက်တင် ပေးမလို့လေ "

မင်းက အမြဲတမ်းမုန့်စားရင်အင်္ကျီလက်ခေါက်ဖို့ မေ့တတ်တာလေ။မာန်
သူနဲ့မျက်နာချင်းဆိုင် ခုံမှာထိုင်နေတဲ့အဝါရောင်cardigan ဝတ်ထားတဲ့ဘဲပေါက်လေးကို အသည်းယားမိသည်။မင်းရဲ့ပါးဖောင်းဖောင်းလေးကို တချိန်လုံးနမ်းချင်နေမိတယ်။

" မင်းက ဒီလိုတွေအသေးစိတ်ကအစအကုန်လုပ်ပေးနေတော့ ငါကမနေတတ်တော့ဘူး "

" ငါက ကိုယ့်ချစ်သူကိုဂရုစိုက်ပေးတာလေ။ဒီလိုလုပ်ပေးတာ မကြိုက်ဘူးလား "

" မဟုတ်ပါဘူး၊ကြိုက်ပါတယ် "

လူတွေကသူငယ်ချင်းကနေ ချစ်သူတွေဖြစ်သွားတဲ့ ဘာလို့နေရခက်နေကြလဲဆိုတာကို သွေးနားလည်သွားပြီလို့ထင်တယ်။နေ့စဥ်ကိုယ်နဲ့ပုံမှန်စကားပြောနေကျသူက ကိုယ်နဲ့ချစ်စကားတွေ​ပြောနေတဲ့သူဖြစ်သွားတာမျိုးပေါ့။ရည်းစား ထားတယ် ဆိုတာဒီလိုခံစားချက်မျိုးကို။
ငါဘာလို့ အဲ့လောက်စိတ်လှုပ်ရှားနေမိပါ
လိမ့်။ဗိုက်ထဲမှာ လိပ်ပြာထောင်ပေါင်းများစွာ ပျံဝဲနေသလိုမျိုး။မဟုတ်မှ
လွဲရောငါ မာန့်ကိုရင်ခုန်နေမိတာလား။

မင်းဖန်ဆင်းတဲ့ ရင်ခုန်သံWhere stories live. Discover now