Chapter 2

198 10 0
                                    

ပါရမီရှင်ဖေဖေ
ဘာသာပြန် - သီဟ
အခန်း (၂) အတော် သောက်ပါးစပ်ဆိုးတဲ့ကောင်

*သွေးကင်ဆာရောဂါ*

သွေးဆဲလ်များမူမမှန်ခြင်းကြောင့် ဆဲအသစ်များပျက်စီးလာသည့်ရောဂါ။ကုရာနတ္ထိဆေးမရှိသည့်ရောဂါဟု အများသိကြသည့်ရောဂါ။တရုတ်တိုင်းရင်းဆေးပညာအရဆိုရလျှင်
အဓိကသွေးကြောငါးခု ပိတ်ဆို့မှုကြောင့် သွေးလည်ပတ်မှုမမှန်ဘဲကင်ဆာဆဲများ အရိုးထဲထိ စိမ့်ဝင်ပျံ့နှံ့လာသည့် ရောဂါဖြစ်သည်။

လက်ရှိခေတ်ဆေးပညာအရ ကင်ဆာကုသဆေးသုံးခြင်းနှင့် ရိုးတွင်းခြင်ဆီအစားထိုခြင်းနည်းတို့ဖြင့်သာ သက်သာအောင် ကုသနိုင်သည့်ရောဂါဖြစ်သည်။ ကင်ဆာဆေးဖြင့်ကုလျှင်
ရောဂါရှင်မှာ ဆေးဒါဏ်ကြောင့် နာကျင်မှုဝေဒနာ ပြင်းထန်စွာ ခံစားရမည်ဖြစ်သကဲ့သို့ငွေအားဖြင့်လည်း ယွမ်သုံးသိန်းမှ ငါးသိန်းအထိကုန်ကျပေလိမ့်မည်။

ယဲ့ချန်း၏မိဘများမှာ ထိုကုန်ကျစရိတ်ကို မတတ်နိုင်ပါချေ။
"အမေ ဒီရောဂါက ဘယ်တုန်းကစဖြစ်တာလဲ"

ယဲ့ချန်းက ပင့်သက်ကိုရှိုက်ရင်း မေးသည်။
ဆိုးဝါးလှသည့် ထိုရောဂါက သူ့သမီးလေးကျမှ လာဖြစ်နေရသည်။

ဝူလန်မှာ မျက်နှာကိုလက်ဖြင့်အုပ်ကာ ငိုနေသည်။
"သားပျောက်သွားပြီးတော့ လေးနှစ်အကြာ မုန်မုန်လေးသုံးနှစ်သမီးအရွယ်မှာစဖြစ်ခဲ့တာ။သူ့ကိုယ်တွေ ရုတ်တရက်အပူတက်လာပြီး နှာခေါင်းသွေးတွေလျှံလာတယ်။မင်းအဖေနဲ့အမေ သူ့ကိုဆေးခန်းသွားပြတော့ သွေးကင်ဆာဖြစ်နေမှန်းသိရတယ်။
ဆေးရုံတွေအများကြီးလိုက်ပြခဲ့ပေမယ့် မုန်မုန့်အခြေအနေက ကောင်းမလာတဲ့အပြင်တဖြေးဖြေးပိုဆိုးလာတယ်ကွယ်။ ဆရာဝန်က ရိုးတွင်းခြင်ဆီအစားထိုးကုဖို့ကင်ဆာဆေးနဲ့ကုဖို့ အကြံပေးတယ်။နှစ်ခုလုံးက အမေတို့လက်လှမ်းမမီဘူးလေ။
ပြီးတော့ မုန်မုန်လေးကလည်း အရမ်းငယ်သေးတယ်။ကင်ဆာဆေးဒါဏ်ကို သူဘယ်ခံနိုင်မှာလဲကွယ်။ရိုးတွင်းခြင်ဆီအစားထိုးရင်လည်း ယွမ်ပေါင်းသိန်းချီကုန်မှာလေ။မင်းအဖေနဲ့အမေလည်း ဘာမှမတတ်နိုင်တဲ့အခြေအနေ ဖြစ်နေပါပြီကွယ်။
မုန်မုန်ရဲ့ဝေဒနာသက်သာစေမယ့် ဆေးလေးတွေပဲ ဝယ်တိုက်နေရတယ်။အဲဒီဆေးတောင် တစ်ပုလင်းကို ယွမ်တစ်ထောင်ပေးရတယ်။မင်းအဖေနဲ့အမေရတဲ့ငွေအားလုံးကို မုန်မုန်လေးအတွက်ပဲသုံးနေတာပါ သားရယ်"

ပါရမီရှင်ဖေဖေ Where stories live. Discover now