*ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာသာဖြစ်ပါသည်။*~~~~~~~~~~~~~~~~~~~~~~~~~
🌹ဆူးနှင်းဆီ🌹
အပိုင်း (၁)"ဆူးနှင်းဆီ မီးမီးလေး နှင်းဆီပန်းတွေကိုမခြွေပစ်ရဘူးလေကွယ် ပန်းလေးတွေကဘယ်လောက်တောင်လှပလိုက်သလဲ"
"ဆူးမုန်းတယ် အခုလိုအဆူးမပါတဲ့နှင်းဆီနီနီဆို ဆူးပိုလို့တောင်မုန်းတယ်"
"နှင်းဆီမြိုင်"ဟုအမည်ရသည့်စံအိမ်တော်ဝန်းအတွင်း ဆံမြိတ်ချကာကြက်တောင်စည်းလေးနှစ်ဖက်နဲ့ချစ်စရာကလေးမလေးဟာ ထိုစံအိမ်တော်ထဲတွင်ကြောက်ရသည့်သူမရှိသလိုအဘွားဖြစ်သူဒေါ်ညွှန့်မာလာမြိုင်ဆိုသည့်အမျိုးသမီး၏ဖူးဖူးမှုတ်မှုတ်အလိုလိုက်ထားခြင်းကိုခံရသည်ကြောင့် မည်သူတစ်ဦးတစ်ယောက်ကမျှ "ဆူးနှင်းဆီ"ဆိုသည့် ငါးနှစ်အရွယ်ကလေးမလေးကိုမနိုင်ကြပါချေ။ ကလေးချစ်တတ်သည့်အိမ်တော်ထိန်း"ကြီးကြီးမေ" တောင်မနိုင်လို့လက်မြှောက်ထားရသည့်အဖြစ်။
"ဘွားဘွားကြီးပြန်လာပြီ ဆူးကဘွားဘွားကြီးကိုလွမ်းနေတာ"
အဘွားဖြစ်သူဒေါ်ညွှန့်မာလာမြိုင်မှာ မြေးမလေး၏မျက်နှာကိုမြင်လိုက်ရသည်နှင့်အားရပါးရပွေ့ချီပြီးတဝကြီးရှိုက်နမ်းပစ်လိုက်ပါ၏။ မြေးမလေးဟာလည်းတစ်လှည့်ပြန်နမ်းတော့ ခရီးလမ်းတစ်လျှောက်တွင်ပင်ပန်းလာခဲ့သမျှအားလုံးဟာပျောက်ကွယ်သွားရသလို။
"ဘွားဘွားကြီး ဆူးအတွက်ဘာလက်ဆောင်ပါလဲဟင်"
"ဖွားမြေးလေးကစားဖို့အတွက် အရုပ်တစ်ရုပ်ကားပေါ်မှာပါလာတယ်"
"ရေးးးဒါမှဆူးဖွားဖွားကွ"
မြေးမလေးဟာဝမ်းသာအားရကားပေါ်သို့ပြေးတက်ကြည့်လေ၏။ တခဏအကြာမျက်နှာကလေးနွမ်းကာကားပေါ်မှပြန်ဆင်းလာပါ၏။
"ဘွားဘွားကြီးညာတယ် ဆူးအတွက်အရုပ်လည်းမပါဘဲနဲ့"
ေမြးမလေးအပြောကြောင့် ကားပေါ်ရှိကောင်လေးအား ဆင်းလာဖို့ခေါ်လိုက်တော့့ မအူမလည်ရုပ်ကလေးနှင့်ကားပေါ်မှဆင်းလာသည့်ကောင်လေးဟာအရယ်အပြုံးလည်းမရှိပါချေ။

YOU ARE READING
🌹ဆူးနှင်းဆီ🌹(ဆူးပိုင်တဲ့အရုပ်)
Short Story*နှင်းဆီမှန်ရင်"ဆူး"ရှိရမယ်* *ဆူးမပါရင်"နှင်းဆီ"မဟုတ်လို့* #photocrd.