C19

111 10 0
                                    

 အခန်း (၁၉) ရက်ရောလွန်းတဲ့ဆုကြေး

ယဲ့ချန်း အိမ်ပြန်ရောက်သည့်အချိန်တွင် ညကိုးနာရီပင် ကျော်လေပြီ။
တံခါးဆွဲဖွင့်လိုက်သည်နှင့် သမီးလေးမုန်မုန်မှာ စားပွဲတွင်ထိုင်ကာ အိမ်စာလုပ်နေသည်ကို သူတွေ့လိုက်ရသည်။

ယဲ့ဟိုင်နှင့် ဝူလန်မှာ တီဗီထိုင်ကြည့်နေကြသည်။

"ဒယ်ဒီ"

မုန်မုန်က လုပ်လက်စအိမ်စာကို ပစ်ချကာ ယဲ့ချန်းဆီသို့ ပျော်ရွှင်စွာပြေးဝင်သွားသည်။
လက်နှစ်ဘက်ကိုဆန့်ကာ ဂျီကျနေသည့်အမူအရာဖြင့်

"ဒယ်ဒီ သမီးကိုချီဦး။ သမီး အချီခံချင်လို့"

"အိုကေဗျာ"

ယဲ့ချန်းက ဆောင့်ကြောင့်ထိုင်ကာ မုန်မုန်ကို ကောက်ချီလိုက်သည်။
မုန်မုန့်ပါးကို မနာအောင်ဆွဲဆိတ်လိုက်သည်။ ယဲ့ချန်းမျက်နှာတွင် ကြည်နူးရိပ်များသန်းနေသည်။

"သမီးလေးက ဒယ်ဒီ့ကိုလွမ်းနေတာလား"

"လွမ်းပါဘူး"

မုန်မုန်က ယဲ့ချန်း၏နှုတ်ခမ်းမွှေးကို လက်ဖြင့်ဆော့ကစားကာ တစ်ခစ်ခစ်ရယ်နေသည်။

ဘေးတွင်ထိုင်နေသည့် ဝူလန်က ပြုံးနေသည်။

"မင်းရဲ့သမီးဆိုးလေးက ပုံမှန်ဆို ဒီအချိန်အိပ်နေကျပဲ။
ဒီနေ့ကျတော့ မင်းပြန်လာသည်အထိ စောင့်အုံးမယ်တဲ့လေ။
သူ့ကိုငါက အတင်းအိပ်ခိုင်းတာတောင် ပြောလို့မရဘူး"

"ဘွားဘွားက သိပ်ဆိုးတာပဲ။ဘွားဘွာနားမှာ မနေချင်တော့ဘူး"

သူ့အကြောင်းကို အဘွားဖြစ်သူက ဖေါ်ကောင်လုပ်လိုက်သဖြင့် မုန်မုန်စိတ်ကောက်သွားသည်။
ထို့နောက် သူ့မျက်နှာကိုလက်ဖြင့်အုပ်ကာ လက်ချောင်းများကြားမှ ယဲ့ချန်းကိုချောင်းကြည့်နေလေသည်။

"ဘယ်ကိုသွားနေတာလဲ ဒယ်ဒီ။
ဘာလို့ အခုမှပြန်လာတာလဲ"

"ဒယ်ဒီ အလုပ်လုပ်နေတာပေါ့ သမီးရဲ့။
သမီးလေး မုန်မုန်အတွက် ပိုက်ဆံရှာနေတာလေ"

ယဲ့ချန်းက မုန်မုန်၏ ဖေါင်းကားနေသည့်လက်ကလေးကို ယုယစွာဆုပ်ကိုင်ကာ
စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။

ပါရမီရှင်ဖေဖေ Where stories live. Discover now