တစ်ခုသော မင်္ဂလာခန်းမ

5.9K 655 82
                                    

လူတွေရဲ့တီးတိုးစကားသံများ ကြွက်ကြွက်ညံလို့နေသည်။ ခန်းမအလယ် အဖြူရောင်သတို့သားတစ်ယောက်တည်း အထီးကျန်စွာရပ်လို့နေ၏။ အဖြူရောင်နှင်းဆီပန်းများစွာဖြင့် မင်္ဂလာခန်းမကြီးသည် ခြောက်သွေ့နေခဲ့သည်။ ဒါဟာ သတို့သားတစ်ယောက် ရောက်မလာခဲ့တဲ့ မင်္ဂလာပွဲတစ်ခု။

လှမ်းသူမဲ့ ကော်ဇာနီခင်းထားသည့်လမ်းထက် အဖြူရောင်နှင်းဆီပွင့်ဖက်တို့ဟာ နွမ်းလျလျ။ မင်္ဂလာကိတ်မုန့်ကြီးသည်လည်း မျက်နှာမဝံ့တော့ပါ။ အကြိမ်ကြိမ်အခါခါခေါ်ဆိုထားတဲ့ ဖုန်းcallလေးဟာ အကြိမ်ရာချီနေခဲ့ပြီ။ ‘စက်ပိတ်ထားပါတယ်’ဟူသည့် ဖြေဆိုချက်သည်လည်း နားအူမတတ် အကြိမ်ရာချီမက ကြားခဲ့ပြီးပြီ။

ခန်းမ အလယ်တွင်ရပ်နေသည့် သတို့သား၏လက်ထဲတွင် အဖြူရောင်နှင်းဆီပန်းစည်းလေးတစ်ခု ရှိနေပါသည်။ သူသည် ခေါင်းငိုက်ကျလျက် အံကိုတင်းတင်းကြိတ်ရင်း မိုက်ကို တင်းတင်းကိုင်လိုက်သည်။ မိုက်ကို သူ့နှုတ်ခမ်းနားတေ့လိုက်သော်ငြား တစ်စုံတစ်ရာပြောထွက်ဖို့ကို ပြောမထွက်နိုင်ဖြစ်နေသည့်အလား သူ့နှုတ်ခမ်းသားတွေက တဆတ်ဆတ်တုံယင်နေ၏။

မင်္ဂလာချိန်ကို 2နာရီတိတိကျော်နေပြီဖြစ်သောကြောင့် စောင့်ဆိုင်းနေသည့် ဧည့်သည်တို့အား သူသေချာပေါက် ကြေညာချက် ထုတ်ရတော့မည်။ သို့ပေတည်း၊ သူထုတ်ပြောဖို့ကို တွန့်ဆုတ်နေစဲပါပဲ။ သူချစ်ရသူဟာ ဘာကြောင့်မရောက်လာသလဲဆိုတာကို သူသိချင်သည်။ အလာလမ်းမှာ တစ်ခုခုများဖြစ်နေသလား။ ဒုက္ခတစ်ခုခုကြုံနေရလို့များလား။ သူတွေးပူ၍ ကြောင့်ကြနေစဲပါပဲ။

ချစ်ရသူဟာ ‘မင်္ဂလာပွဲကို အကြောင်းတစ်ခုခုရှိလို့ မရောက်လာသေးတာဖြစ်လောက်မှာပါ’ဟူသည့် သူ့မျှော်လင့်ချက်လေးဟာ ရှင်သန်စဲ။ တမင်သက်သက် မလာတာ မဖြစ်နိုင်ဘူးလို့ သူယုံကြည်သည်။ သူဆန္ဒအတိုင်းသာဆိုရင် ရောက်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူတစ်နေ့လုံး စောင့်နေမှာ။ ချစ်ရသူဟာ သူ့ကိုအရှက်ခွဲဖို့လုပ်လောက်မှာ မဟုတ်ဘူးဆိုတာကို သူတထစ်ချယုံကြည်တယ်။

အဖေနဲ့အမေဟာ မျက်နှာပျက်နေကြပြီ။ အဖေရဲ့ ဒေါသမျက်လုံးစိမ်းများကို သူရင်ဆိုင်နိုင်စွမ်းမရှိပါ။ ယောင်္ကျားလေးချင်းဖြစ်၍ တစ်အိမ်လုံးကန့်ကွက်သည့်ကြားက သူဇွတ်တရွတ်စီစဉ်ခဲ့တဲ့ မင်္ဂလာပွဲတစ်ခု။ ချစ်ရသူကို ပိုင်ဆိုင်ရဖို့၊ ချစ်ရသူနဲ့ဘဝတစ်သက်တာလုံး အတူလက်တွဲသွားဖို့ ဝန်ကြီးချုပ်ဖြစ်သည့် အဖေ့ကို ဆန့်ကျင်ပြီး တစ်လောကလုံးကို မျက်ကွယ်ပြုပြီး လက်ထပ်ဖို့စီစဉ်ခဲ့တာ။

တစ်ခုသော မင်္ဂလာခန်းမ (One Short)Where stories live. Discover now