🎈

2.8K 243 23
                                    

Song recommend- Love me again by_V




"ဆောနူ..ကိုကိုအရှုံးပေးတယ်။
ကိုကို တကယ်အရှုံးပေးပါတယ်"

ဆံပင်ထဲလက်ကိုထိုးဖွလို့ စိတ်မောမောနဲ့
ပြောဆိုလာပါသည့်စကားတွေကို
ဆောနူဖြင့်ဟက်ဟက်ပက်ပက်သာ
ရယ်မောပစ်လိုက်ချင်တော့တာပဲ။

သူကအဲ့လောက်တောင်ပဲလွယ်သလား
အရမ်းချစ်ပေးနေလို့များ အပေါစားဆန်သွားသလား။
လွယ်လွယ်လေးစွန့်ပစ်ပြီးတော့
လွယ်လွယ်လေးပြန်လိုချင်ရအောင်
သူ့မှာရောခံစားချက်တွေမရှိတော့ဘူးတဲ့လား။

"မင်းကိုကို့ဆီပြန်လာခဲ့ ဆောနူ"

"ခင်များတကယ်ကိုရူးနေပြီပဲ.. ခင်များအတွက်
ကျွန်တော့်ရဲ့ခံစားချက်တွေက
အဲ့လောက်တောင်အရေးမပါဘူးလား!"

"ငါမသိဘူး! ငါသိတာ ငါအခုမင်းကိုပြန်တွဲချင်တယ်"

"......"

ဆောနူသိပ်ညံ့သွားတယ်။
ဒီလူက ဒီလိုပါဆိုတာကိုသိရဲ့သားနဲ့
ရန်ဖြစ်ဖူးတယ် ၊
ဘဝပျက်မတက် မူးရူးဖူးတယ်။
အဲ့ဒီနောက် ဘာထိခိုက်မှုမှမရှိအောင်
သတိနဲ့နေထိုင်ခဲ့ဖူးတယ်။
ဒါပေမယ့်သူသိပ်ညံ့တယ်
အဲ့ဒီလူနဲ့ထပ်တွေ့တော့ သူအသည်းထပ်ကွဲရတာပဲ။

ကိုယ့်အပေါ်တန်ဖိုးထားရကောင်းမှန်းမသိတဲ့လူရဲ့စကားတွေက
ဘယ်လောက်တောင်ခံရခက်နေလိုက်သလဲ။

ဆောနူခံပြင်းစိတ်နဲ့နာကျည်းစိတ်ကအလုံးအရင်းတိုးဝင်လာတယ်။
တစ်ကိုယ်လုံးတစ်ဆက်ဆက်တုန်လာတဲ့အထိ ဒေါသနဲ့မောဟိုက်နေမိတာ။
မျက်ရည်ဆိုတာလည်းကျလုဆဲဆဲ။

"ကိုကိုမင်းကိုပြန်လိုချင်တယ် ဆောနူရဲ့.."

အရှေ့ကိုပိုတိုးလာတဲ့လူဟာ သူ့ပါးပြင်တစ်ဖက်ကိုလက်လှမ်းလို့
ထိတွေ့တော့မယ့်အချိန်မှာ ဆောနူနောက်ကို
အသာအယာဆုတ်ပြီးရှောင်လိုက်မိတယ်။

"ဟင့်အင်း ကျွန်တော်ကတော့
ခင်များဆီဘယ်တော့မှပြန်မလာတော့ဘူး"

LOVE ME AGAIN [SUNSUN] | Commission Where stories live. Discover now