+ 𝟬𝟭𝟬

446 59 17
                                    

တစ်ခါတလေကျ အေးခနဲ၊ တစ်ခါတလေကျ ဘာမှန်းမသိဘူး။

ဟောကြည့် ဒီနေရာက ဘာလို့ အဲ့လောက် ခုန်နေပါလိမ့် ...

------------X-----------

ဆေးလိမ်းပေးနေတဲ့ ရစ်ခီ့ကို မျက်တောင်မခတ်ဘဲ သတိလက်လွတ်နဲ့ ထယ်ရယ် ငေးကြည့်နေမိတုန်း။

ရုတ်တရက် ရစ်ခီက သူ့ဖက်ကို မော့ကြည့်လိုက်တဲ့ချိန် သူ့မျက်ဝန်းနဲ့ ဆုံတော့ မသင်္ကာတဲ့ မျက်နှာဘေးနဲ့။

"ကျွန်တော့်ရဲ့မျက်နှာ အရမ်းချောတာ လက်ခံပေမယ့် ဒီလိုကြီး ခွင့်ပြုချက်မရှိ ကြည့်နေတာတော့ မကောင်းဘူး ထင်တယ်နော် ကင်မ်ထယ်ရယ်ရှီး"

"ဘယ်သူက မင်းကို ခိုးကြည့်နေလို့လဲ"

မဲ့ဖြေလိုက်တဲ့ သူ့အဖြေမှာ ရစ်ခီက ကိုယ်ကို အရှေ့ဆန့်ထုတ်ကာ သူ့မျက်နှာ‌ရှေ့တည့်တည့်အထိ တိုးလာတဲ့အခါ နှစ်ယောက်သားရဲ့ အသက်ရှူသံ ဝင်လေထွက်လေကအစ သတိထားမိတဲ့အထိ။

"ဟောဗျာ ကျွန်တော်က ခိုးကြည့်နေပါတယ်လို့ ပြောမိလို့လား ကင်မ်ထယ်ရယ်ကို"

သေလိုက်ပါတော့ ကင်မ်ထယ်ရယ်ရယ်။ လူမသိအောင် ဖုံးပါတယ်ဆိုမှ သူခိုးလူမိသလို ဖြစ်နေတာ ငိုရမလို ရယ်ရမလို။

"ဆေးထည့်ပြီးပြီဆိုတော့ သွားတော့‌လေ မင်းအခန်းထဲ။ သွား သွား"

"မပြီးသေးဘူး"

"ဘာလဲ ဘာကျန်သေးလို့လဲ"

သူ့ကို စိုက်ကြည့်နေတဲ့ ရစ်ခီ့ရဲ့မျက်နှာပေါ်က မျက်ဝန်းတွေက ကြယ်တွေလို အရည်လဲ့လို့။ ပြီးတော့ ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းပါးပါးလေးက ရေးရေးလေး ကွေးတက်ကာ။

"ဗိုက်ဆာလို့ ကိုယ့်ကို ထမင်းကျွေးပါလား ထယ်ရယ်ရား"

"အန်တီ့ကို ပြောလေ။ ပြီးတော့ ထမင်းစားတာ ငါလိုလို့လား"

"လက်က ဘယ်သူ့ကြောင့် ဖြစ်သွားတာမို့ ဒီလိုစကားကို ပြောထွက်တာပါလိမ့်"

ခပ်တင်းတင်းပဲ ရပ်ကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ တစ်တန်းထဲဖြစ်အောင် ရစ်ခီက ကိုယ်ကိုင်းကာ ညှိပေးရင်း။

𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍Where stories live. Discover now