Zawgyi
ချမ်းဝေက လှေကားတွေတက်ဖို့ အဆင်ပြေတဲ့ အခြေအနေမဟုတ်တာကြောင့် အကိုက အောက်ထပ်ကအခန်းမှာပဲ နေရာချတယ်။ အထုတ်အပိုးတွေ သူကိုယ်တိုင်ဖြည်လို့ပြီးကာမှပဲ ချမ်းဝေကို အာရုံစိုက်တော့သည်။
"ဗိုက်ဆာနေပြီလား"
"နည်းနည်း"
နေဝန်းက ပြုံးကာ ချမ်းဝေရဲ့ ပါးလေးကို ဖျစ်ညှစ်လိုက်ပြီး
"အဲ့တာဆို အင်္ကျီလဲချင်လဲထား ကိုယ် ခြံစောင့်ကို စားစရာသွားပြင်ခိုင်းလိုက်ဦးမယ်"
"အကို.."
အပြင်ထွက်ဖို့ ကျောခိုင်းနေတဲ့ နေဝန်းရဲ့လက်ကို ချမ်းဝေက လှမ်းဆွဲလိုက်၏။
"ကျွန်တော်မေးစရာရှိလို့"
"အင်း..ဘာမေးချင်လို့လဲ"
နေဝန်းက ဂရုတစိုက်နဲ့ ချမ်းဝေဘက်ကိုပြန်လှည့်လာပြီး ဒူးထောက်ကာထိုင်ချရင်း သူတို့ကြားက အကွာအဝေးတွေကို ဆွဲချုံ့လိုက်တယ်။ မျက်လုံးတွေအချင်းချင်း တေ့တေ့ဆိုင်ဆိုင် ငေးကြည့်ကြရင်းမှာပဲ ချမ်းဝေဘက်က မဝံ့မရဲလေး စကားဆိုလာတော့သည်။
"ကျွန်တော်က အကို့အတွက် ဘာလဲ"
နေဝန်းရဲ့ လည်ချောင်းထဲကနေ "ဟမ်" ခနဲ ခပ်တိုးတိုးလေး ဩရှရှ လျှံထွက်လာပြီး ဆက်တိုက်ဆိုသလို ယုန်ကလေးရဲ့ ခေါင်းအား ဆွဲဖွပစ်လိုက်တော့တယ်။
"ဘာတွေ လျှောက်တွေးနေပြန်ပြီလဲ"
"လျှောက်တွေးတာမဟုတ်ပါဘူး ကျွန်တော်က အခုလက်ရြှိဖစ်နေတဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်းသိချင်လို့"
စိုးရိမ်စိတ်နဲ့ မယုံကြည်တဲ့စိတ်ကလေးအများစုက ချမ်းဝေရဲ့ ရင်ဘတ်ထဲမှာ ကိန်းအောင်းနေတုန်းဆိုတဲ့ အတွေးကို အခုမှပဲ တည့်တည့်ကြီးမြင်ရမှ နေဝန်းသတိထားမိတော့တယ်။ သူတစ်လျှောက်လုံး ချမ်းဝေယုံကြည်လာအောင် ထုတ်ဖော်ပြခဲ့တာမျိုး မလုပ်ခဲ့ဖူးဘူးလေ။ သေချာလေးပြောပြပြီး ယုံကြည်လာအောင် လုပ်ဖို့လိုနေပြီဆိုတာ သိလိုက်တယ်။
အကြွင်းမဲ့ယုံကြည်ကိုးကွယ်တဲ့ ဘာသာမှာ
ဗုဒ္ဓ ထက် ကိုယ် ဖြစ်ချင်တာ။
ŞİMDİ OKUDUĞUN
Even The Devil , Once An Angel(COMPLETED)
RomantizmSatan knows that he never be an angle again. Nay Wunn Arnar Chan Wai 14.3.23 9.8.24