အချိန်ကား ည11နာရီခွဲ
"အား နာတယ် အား ဒေါ် ဒေါ်လေးတင်"
"မူ အရမ်းနာနေလားဟင်"
"အား အရမ်းနာတယ် မောင် မောင့်ကို ခေါ်ပေးပါ"
ဒေါ်မူယာသွယ်နဲ့ ဧကမောင် တို့ဟာ မိန်းမချင်းလက်ထပ်ထားသူဖြစ်ပြီး ဒေါ်မူယာသွယ်ဟာ ဧကထက် 10နှစ်ကြီးပါတယ် မူနဲ့မောင် လက်ထပ်ထားတာ 5နှစ်ပြည့်ချိန်တွင် ဘုရားက ကောင်းချီးပေးလို့ မယုံနိုင်ဖွယ်တစ်ခုဖြစ်ခဲ့ရပါတယ် အဲ့တာသည်ကား ဒေါ်မူယာသွယ် မှာ ကိုယ်၀န်ရှိလာချင်းဖြစ်ပါသည်
"အား နာနေပြီ ဒေါ်လေးတင် မွေးတော့မယ်ထင်တယ် မရတော့ဘူး"
"ခနလေးပါ မူရယ် ဧကကို ဖုန်းခေါ်နေပါတယ်"
"တီ တီ တီ တီ"
"ကျစ် ပြော ဒေါ်လေးတင်"
"ဧကရေ လုပ်ပါဦး မူ မူ"
"ဘာဖြစ်လို့လဲ"
"ဗိုက်အရမ်းနာနေလို့ မွေးတော့မယ်ထင်တယ်"