မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ ၁၂

2 0 0
                                    


" နက်ကတိုင်ကလည်း တပ်ရတာခက်လိုက်တာ "

" ငါလုပ်ပေးမယ်လေ.... မာန် "

" ငါ့ Baby ကအကောင်းဆုံးပဲ "

" အပိုတွေ တအားပြော၊မင်းက ငြိမ်ငြိမ်နေလေ "

ဒီနေ့အတွက် မာန် ကသူ့ဆိုင်ခွဲအသစ်ဖွင့်ရန်ကိစ္စနဲ့ ရှယ်ယာဝင်မဲ့သူတွေနဲ့တွေ့ရမှာ ဖြစ်တာကြောင့်အနောက် တိုင်းsuit ဝတ်ရမှာ။ခါတိုင်း suit ဝတ်ရင်လည်း
သူ့ဘာသာသူချည်နေကျကို သွေးကိုချွဲချင်လို့တမင်သက်သက် လုပ်နေတာပါ။ခြေဖျားထောက်ပြီး သူ့ကိုနက်ကတိုင်
ချည်ပေးနေတဲ့ သွေးရဲ့လည်ပင်းလေးကိုဟိုဘက်နမ်းလိုက်၊ဒီဘက်နမ်းလိုက်
လုပ်နေမိသည်။

" အလုပ်လုပ်ဖို့ အားဖြည့်နေတာလေ "

" မာန်....ဒီနေ့မနက်တင်နမ်းတာ အခါ
တရာပြည့်တော့မယ် "

" ငါအဲ့လောက်တောင် နမ်းမိသွားတာလား "

" အင်း "

" သတိမထားမိလိုက်ဘူး၊မထူးပါဘူး နမ်းမဲ့နမ်းတော့အခါ ၂၀၀ ပြည့်အောင်နမ်းလိုက်မယ်လေ "

သွေး အခုဆိုအိမ်မပြန်ဘဲ မာန့် ရဲ့Condoမှာ သူနဲ့အတူနေဖြစ်နေတာ။
မသိရင် မာန်နဲ့သူကလက်ထပ်ပြီးခါစ
ကြင်စဦးမောင်နှံတွေ ကျနေတာပဲ။
နေ့သစ် နဲ့လည်း မကြာခဏဖုန်းဆက်ဖြစ် သည်။ဦးခန့် လည်းနေ့သစ် ကိုမရှာတွေ့သေးတာမို့ ဒီအတောအတွင်းတော့စိတ် အေးရမယ် ထင်တာပဲ။

" သွားတော့....အလုပ်နောက်ကျနေဦးမယ် "

" ညနေအစော ပြန်လာခဲ့မယ် "

" အင်း "

" တခုခုလိုတာရှိရင် ဖုန်းဆက်....  "

" ကဲ...သွားပါတော့။မင်းလုပ်တာနဲ့ ငါ designဆွဲရမှာ မဟုတ်တော့ဘူး "

" အင်းပါ "

ရည်းစားတွေဖြစ်ပြီးကတည်းမာန် ကသူ့အနားမှာတချိန်လုံးကပ်ပြီး ချွဲလာသည်။ညဘက် အိပ်ရာဝင်ရင်လည်းသူမအိပ်သေးရင်လည်း ဘေးမှာထိုင်ပြီးစောင့်နေတတ်သည်။Golden Retriver နဲ့တူတဲ့
ချစ်သူလေးပေါ့။ဒါ့အပြင် သဝန်ကလည်းအရမ်းတိုတက်သေးသည်။တနေရာရာသွားလို့ တခြားသူတွေကသွေး ကိုလမ်းလာမေးတာတို့ ၊ fb အကောင့်လာတောင်းတာတို့ဘာတို့ဆိုရင် တနေကုန်စိတ်ကောက် တတ်သေးသည်။ဒါပေမဲ့ သွေးအတွက်တော့အစစအရာရာအကုန်လုပ်ပေး တတ်သည်။အမြဲတမ်းမနက်စာနဲ့ ညစာကို သူကိုယ်တိုင်ပြင်ဆင်ပေးပြီး မုန့်စားရတာကြိုက်တဲ့သွေး အတွက်မုန့်တွေ၊အချိုရည်တွေကို ရေခဲသေတ္တာထဲတွင်အမြဲ ထည့်ပေးထားတတ်သည်။ဒီနေ့ မေယွန်း သူငယ်ချင်းရဲ့အိမ်အတွက်design ပြပေးဖို့လုပ်ပေးဖို့ ရှိသေးတာပဲ။သူ့အကြောင်း တွေးနေတာနဲ့ အလုပ်လုပ်ဖို့မေ့နေတယ်။

မင်းဖန်ဆင်းတဲ့ ရင်ခုန်သံWhere stories live. Discover now