First Love

38 1 0
                                    

First Love 

တစ်ရက်က ipod nano ကိုပြန်မွေရင်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က သူ့အတွက်ရည်ရွယ်ထားတဲ့ playlist ကိုသွားနားထောင်မိလို့ အချစ်ဦးကိုရုတ်တရက်သတိရသွားမိတယ်။ ဘာရယ်မဟုတ် စာရေးရတာ ဝါသနာပါတဲ့အလျှောက် ဖြစ်ခဲ့သမျှအဖြစ်ပျက်တွေကို စာရေးပြီးချမှတ်ထားပါဦးမယ်။

သူ့ကိုစတွေ့တဲ့အချိန်တုန်းက ၁၀ တန်းပြီးခါစ ၁၆ နှစ်သမီးအရွယ်မှာပေါ့။ ငယ်ရွယ်နုနယ်တဲ့အချိန်မှာ သူ့ကိုမသိစိတ်ကနေ သဘောကျမိမှန်းမသိသဘောကျမိတယ်။ သူဆိုတာ ကိုယ်ကြိုက်ခဲ့တဲ့ type တွေနဲ့ ဘာမှကိုမဆိုင်တဲ့ သူတစ်ယောက်ပါ။ အခုချိန်ထိ ငါသူ့ကိုဘာလို့ကြိုက်ခဲ့တာလဲလို့ပြန်စဉ်စားရင်လဲ ဘယ်တော့မှအဖြေမထွက်ပါဘူး။ ဒီတိုင်းဘာအကြောင်းပြချက်မှမရှိပဲနဲ့ကို သန့်သန့်ရှင်းရှင်းဖြူဖြူစင် စင်သဘောကျခဲ့တာမျိုးပါ။

သူ့နဲ့စတွေ့ဆုံတာက စင်ကာပူကိုအလည်သွားရင်းနဲ့ပေါ့။ အဖေ့အသိတစ်ယောက်ကို ဆေးခန်းပြလိုက် ပေးရင်း စင်ကာပူမှာကျောင်းတက်ဖြစ်မယ့်ကိုယ် ကျောင်းတွေကိုလိုက်ပတ်ကြည့်ဖို့အတွက် လမ်းကြုံလိုက်ဖြစ်ခဲ့တယ်။ အဲ့မှာသူက အဖေ့အသိ ကုမ္ပဏီမှာအလုပ်သင်အနေနဲ့ လုပ်နေတဲ့ အဖေမိတ်ဆွေရဲ့တပည့်ပေါ့။ အဖေ့မိတ်ဆွေရဲ့ နေရေးထိုင်ရေး သွားရေးလာရေး ဆေးခန်းပြဖို့ အကုန်သူတာဝန်ယူရတယ်။ အဖေ့မိတ်ဆွေနဲ့ကပ်ပါလာတဲ့ ကိုယ်တွေကလဲ သူနဲ့တတွဲတွဲသွားရတာပေါ့။

သူနဲ့စတွေ့တဲ့အချိန်က ကိုယ့်ဘဝမှာတော့ ရုပ်အဆိုးဆုံးအချိန်ပဲ။ ၁၀ တန်းပြီးခါစ ဟော်မုန်းအပြောင်း အလဲနဲ့ မျက်နှာမှာ ဝက်ခြံအပြည့်နဲ့ ရုပ်ဆိုးဆိုးမိန်းကလေးတစ်ယောက်ပေါ့။ ဘာကိုမှ ဂရုမစိုက်တတ်တဲံ့ မိန်းမသိပ်မဆန်တဲ့ မိန်းကလေးတစ်ယောက်က သူ့ရှေ့မှာတော့ ဝက်ခြံအပြည့်ဖြစ်နေတဲ့ ကိုယ့်မျက်နှာကို ဆံပင်တွေအမြဲ အုပ်ထားခဲ့မိတယ်။ ဆေးခန်းပြဖို့စောင့်ရင်း ဘယ်လောက် အခြေနေဆိုးလို့လဲ အစ်ကို့ကိုပြကြည့်ပါ့လားလို့ပြောလို့ ရှက်ရှက်နဲ့ပဲ ဆံပင်တွေနဲ့အုပ်ထားတဲ့ ပါးတစ်ခြမ်းကို ပြခဲ့ဘူးတယ်။ ဘဝမှာ သူစိမ်းယောကျ်ား တစ်ယောက်နဲ့ပတ်သတ်လို့ ပထမဆုံး ရှက်တတ်ခြင်းပဲပေါ့။ သူကတော့ ညီမလေးတစ်ယောက်ကို ဂရုစိုက်သလိုပဲ ကိုယ့်ကိုအမြဲတစေဂရုစိုက်တတ်ပါတယ်။ သူ့ဆီမှာ ညီအစ်ကိုတွေကြည့်ပဲ ရှိတော့ ညီမတစ်ယောက်လိုချင်ခဲ့လို့ ဂရုစိုက်ခဲ့သလားဆိုတာတော့ ကိုယ်မသိခဲ့ပါဘူး။ ထမင်းတူတူစားလို့ ဟင်းထည့်ပေးတာက အစ အအေးဝယ်ပေးတာအဆုံး သူဟာသိပ်ကိုဧည့်ဝတ်ကျေခဲ့တာပါ။ အဲ့တာတွေကြောင့်များ တဖြည်းဖြည်းနဲ့ ထိန်းမရသိမ်းမရ ပစ်ကြွေခဲ့လားဆိုတာတော့ အခုချိန်ထိ ကိုယ်မဖြေရှင်းနိုင်သေးတဲ့ ပုစ္ဆာတစ်ပုဒ်ပဲ။

First Love Where stories live. Discover now