Chapter-8 မိသားစုခွဲထွက်ရေး

2.9K 239 0
                                    

အခန်း ၈- မိသားစုခွဲထွက်ရေး

"နင်ငါ့ကို ပုန်းဖို့ တွေးရဲတာက ရူးနေတာဘဲဖြစ်လိမ့်မယ်!" လီချူဟွား ဒေါသထွက်သွားသည်။ လင်းယွဲ့လန်သည် အမှန်တကယ်ပင် ဂြိုလ်ဆိုးဖြစ်သည်။ သူမလက်ထဲကနေအကြိမ်ပေါင်းများစွာ လွတ်မြောက်ခဲ့ဖူးသည်။

"လီချူဟွား မင်း ဘာလုပ်နေတာလဲ"။
လင်းရိ၀ေကပြောလိုက်သည် "သူက ကလေးပဲရှိသေးတာလေ သူ့ကို ရိုက်နေရလား?" လီချူဟွား သည် လင်းရိ၀ေ ကို လေးစားမှု အနည်းငယ်ရှိသေးသည်။

"ရွာသူကြီး၊ သနားစရာကောင်းတဲ့ မိန်းကလေးက အလုပ်မှာ ပျင်းနေတော့ သင်ခန်းစာတစ်ခု သင်ပေးရမှာပေါ့" လို့ ပြုံးရင်း သူမ ရှက်ရွံ့စွာ ပြောလိုက်တယ်။

လင်းရိ၀ေ သည် လီချူဟွား ၏ အပြစ်ရှိထင်ရှားသောအမူအရာကိုကြည့်ကာ "ဒါပဲလား?"

ထို့နောက် လက်ထဲတွင် ပိုက်တစ်ခုနှင့် ဆေးလိပ်သောက်နေသော လင်းလောင်ဆန်းကို လှည့်ကြည့်လိုက်သည်။ "သူမကို ရေကန်ထဲရေနစ်အောင်လုပ်ဖို့အတွက် ဆွဲထုတ်ချင်နေတာ မဟုတ်ဘူးလား။"

လင်းရိ၀ေပြောပြီးတာနဲ့ သူ့နောက်က ရွာသူရွာသားတွေက ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးတစ်လုံးလို ပေါက်ကွဲသွားတယ်။

လင်းလောင်စန်း နဲ့ လီချူဟွား က အရမ်းမိုက်တယ်မဟုတ်လား ? ကောင်မလေးသည် ဂြိုလ်ဆိုးဖြစ်နိုင်သော်လည်း သူမသည် ၎င်းတို့၏မြေးအရင်းဖြစ်နေဆဲပင်။ ဒီလိုမျိုး သူတို့ဘယ်လိုလုပ်နိုင်တာလဲ။

ထို့အပြင် လင်းယွဲ့လန် သည် အများအားဖြင့် အလုပ်ကြိုးစားပြီး အရည်အချင်းရှိသော ကလေးဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့မိဘတွေ လယ်ထဲ လိုက်သွားပြီး မိသားစုအတွက် အလုပ်တွေ အကုန်လုပ်တယ်။

ဂြိုလ်ဆိုးဆိုတဲ့ သတင်းကြောင့်သာ မဟုတ်ပါက၊ သားရှိသော မိသားစုများစွာသည် ဤကလေးနှင့် လက်ထပ်ရန် စီစဉ်နေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ လီချူဟွားသည် ၎င်းတို့၏ အိမ်ထောင်ရေး အဆိုပြုချက်များကို ရပ်တန့်လိုက်သည့်အတွက် ဤမိသားစုများက ဝမ်းသာခဲ့ကြသည်။ ဒါမှမဟုတ်ရင် သူတို့ရဲ့မိသားစုတွေဟာ ဂြိုလ်ဆိုးမနဲ့ အတူနေရမယ့်သူတွေဖြစ်လိမ့်မယ်။

ကံဆိုးတဲ့ တောသူမလေးရဲ့ယောကျ်ားက  သောက်ရမ်းချမ်းသာတယ်Where stories live. Discover now