ကြည့်ရတာ ဆန့်ကျင်ဖက်တွေမှ အချင်းချင်း ဆွဲငင်တယ်ဆိုတာ အမှန် ထင်ပါရဲ့ ...
------------X-----------
"အတူတူ သွားမယ်လေ။ ကိုယ့်ကို စောင့်ဦးလို့ ထယ်ရယ်"
အရှေ့ကနေ ပြာယာခတ် လျှောက်နေတဲ့ ကောင်လေးရဲ့နာမည်ကို လှမ်းခေါ်ရင်း ပြေးအလိုက် ထယ်ရယ်က ကားနားအရောက်မှ ရုတ်တရက် ရပ်လိုက်တာမို့။
"စောင့်- အာ ချက်ချင်းကြီး ရပ်လိုက်တော့ တိုက်မိတော့မှာပဲ"
"မင်းးးး"
ရပ်နေရာက အနောက်ကို လှည့်ကာ သူ့ဆီ လက်ညှိုးထိုးရင်း။
"ဘာလို့ ကိုယ်ဆိုပြီး သုံးနေရတာလဲ။ ငါမကြိုက်ဘူး"
"ဘာဖြစ်လို့လဲ။ ဒီက ကင်မ်ထယ်ရယ်ရှီးနဲ့မှ ကိုယ်ဆိုပြီး သုံးချင်နေတာတော့ မတတ်နိုင်ဘူးလေ"
"ထားပါ။ ငါ့ကျေးဇူးဆိုတဲ့ဟာကြီး။အဲ့ဒါကို ပြန်မဆပ်နဲ့တော့"
"ခုနကလို ကျေးဇူးဆပ်နည်းကို မကြိုက်လို့လား။ ဒါဆို နောက်တစ်မျိုးရှိတယ်"
စဉ်းစားနေဟန် ပြောလာတဲ့ ရစ်ခီ့ကြောင့် သူကြောင်အမ်းအမ်းနဲ့။
"ဒီလိုလုပ်။ ကျန်တဲ့ ကျေးဇူးတစ်ဝက်ဖိုး အနေနဲ့ ထယ်ရယ်နဲ့ အော်ဖစ်ရှယ် အီစီကလီလုပ်ခွင့် ပေးမယ်ဆိုရင်ရော"
ရစ်ခီရှန်က တကယ့်ကို မျက်နှာရူးပဲ။ သူ့မှာတော့ သနားလို့ လိုက်လုပ်ပေးနေတာကို ဒင်းက ဒီလို တုံ့ပြန်သတဲ့။
အံ့ဩလွန်းလို့ ပြောစရာ စကားတောင် ရှာမရ။
"ဘာကိစ္စ ငါက ကြုံရာလူနဲ့ အီစီကလီ လုပ်ရမှာလဲ"
"ကြုံရာလူမဟုတ်ဘူးလေ။ မိန်းကလေးတွေ သည်းသည်းလှုပ် အသက်ငယ်ငယ် ရုပ်ရည်ချောမောတဲ့ အမှုစစ်လေးနဲ့"
"ငါပြောချင်တာက ဘာလို့ မင်းက ငါနဲ့ အီစီကလီ လုပ်ချင်တာလဲလို့။ အီစီကလီဆိုတာက စိတ်ဝင်စားတဲ့သူကိုမှ-"
"အများကြီး သဘောကျတယ် ကင်မ်ထယ်ရယ်"
"ဘာ"
"ပြောတာ မကြားဘူးလား။ အများကြီး သဘောကျတယ်လို့။ အများကြီး အများကြီး ကျွန်တော်က ကင်မ်ထယ်ရယ်ကို အများကြီး သဘောကျတယ်လို့"
YOU ARE READING
𝙀𝙞𝙩𝙝𝙚𝙧-𝙊𝙍
Fanfic"I can only hear your nagging, let's stop" // Ricky and Taerae • Written in burmese • Fanfiction