" ဒီည နေ့သစ် ကိုကျွန်တော်နေတဲ့ အပန်းဖြေအိမ်ဘက်မှာ ခေါ်ပြီးသိပ်လိုက်မယ် "" နေ့သစ် အငိုတိတ်သွားပြီလား "
" အခုသူငိုအောင်လုပ်နေတဲ့ တရားခံက ဦးခန့်ပဲလေ "
" ငါ.... "
" ကျွန်တော်ဘာလို့ နေ့သစ်ကိုဝှက်ထားပေးဖို့ဆုံးဖြတ်ခဲ့တာလည်းဆိုတာ မသိချင်ဘူးလား....ဦးခန့် "
" ဘာလို့လဲ "
" နေ့သစ်က သူ့လက်ထဲကိုသူ potassium chloride သွင်းမယ်ဆိုပြီး ကျွန်တော့ကိုခြိမ်းခြောက်ခဲ့တာ "
" ဘာပြောတယ် "
" ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့ ကလေးတယောက်ပါ။အခုမှ သူ့မိသားစုနဲ့ပျော်ရွှင်တဲ့အရာတွေဖန်တီးဖို့ လုပ်နေတာပါ "
" ....... "
" ကျွန်တော်တို့ကငယ်ငယ်ကတည်းက ဖိုးဖိုးကျေးဇူးနဲ့ လိုချင်တာမှန်သမျှ
တလိုက်တာနဲ့ရတဲ့ဘဝမှာ ကြီးပြင်းလာခဲ့တာမလား။ဒါပေမဲ့ ပညာဂုဏ်အဆင့်အတန်းရှိပြီး ငွေကြေးပြည့်စုံတယ်ဆိုတိုင်းတခြားသူတယောက်ရဲ့ဘဝကို ငွေနဲ့ပေါက်ပြီး ဝယ်လို့မှမရတာ "" ငါသူ့ကိုချစ်တယ်...သွေး။အစက ငါသူ့ကိချစ်မိဆိုတာကို လက်မခံနိုင်ခဲ့ဘူး။ခဏတာ စွဲလမ်းတာလို့ပဲထင်ခဲ့တာ။အဲ့ဒါကြောင့်ပဲ ငါအဲ့အပေးအယူကိုလုပ်
ခဲ့တာ "" ဦးခန့်....အချစ်တွေကို တဖက်လူကမှမလိုချင်တာ "
" ငါသူ့ကို မဆုံးရှုံးချင်ဘူး "
" ဦးခန့်....ရွေးချယ်လိုက်ပါ။ကိုယ့်ပျော်ရွှင်မှုကို ရွေးချယ်မှာလား၊ကိုယ်ချစ်ရတဲ့သူ ပျော်ရွှင်မှုကိုရွေးချယ်မှာလား
ဆိုတာ "" ........ "
" တစ်ခါတရံမှာ အချစ်ဆိုတာပေးဆပ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရော မဖြစ်နိုင်ဘူးလား...ဦးခန့် "
" မင်းသိလား။ငါ ကလောမှာနေ့သစ်ကို သွားခေါ်တုန်းက ငါမမြင်ရတာကြာပြီဖြစ်တဲ့သူ့အပြုံးတွေကိုပြန် မြင်လိုက်ရတယ် "
" သူက အဲ့မှာနေရတာအရမ်းပျော်တယ်လို့ကျွန်တော့ကို ပြောဖူးတယ် "
YOU ARE READING
မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ
RomanceMain Lead Couple " ငါမင်းကို ချစ်မိနေတာကြာပြီလို့ပြောရင်မင်းဘာလုပ်မှာလဲ" * ကောင်းကင်မာန်* { Age - 26 Occupation - Chef Clothing Style - Freestyle & Well-dressed } " ငါတို့က သူငယ်ချင်းတွေလေ " ...