#YiZhan
ဧကရာဇ်ဝမ်၏ ဆင့်ခေါ်မှုကြောင့်
တစုန့်ဘုရင် ခစားဝင်လာရသည်...
ခစားဝင်သည်ဆိုခြင်းထက် ဖမ်းဆီးလာသည်ဆိုလျှင်ပိုမှန်ပေမည်....
ဧကရာဇ်ဝမ်ကိုကျော်၍ လျန်ဟွားပြည်ကိုသိမ်းရန်ပြင်နေသော တစုန့်ဘုရင်သည် မည်မျှကြီးမားသောအမှုကိုပြုထားမိသည်ဆိုတာ မိမိကိုယ်ကိုသိသည်မို့ ဧကရာဇ်၏ရှေ့တွင် အသက်ပင်မရှူရဲပါ.....မြေပြင်၌ပြားပြားမှောက်ဝပ်ဆင်းလျက်.....🤴ဝမ်....."တစုန့်ဘုရင် ကိုယ့်အပြစ်ကိုယ်သိလား..."
🇨🇳တစုန့်......."သိ သိပါတယ် ဧကရာဇ်....."
🤴ဝမ်......"ဘာလိုချင်လဲ..."
ဘာလိုချင်လဲဆိုသည်မှာ....
ရက်စက်လှသောဧကရာဇ်သည်
အပြစ်သားတို့ကို စီရင်ရာတွင်
ပုံသဏ္ဍာန်အမျိုးမျိုးဖြင့်စီရင်လေ့ရှိသည်....အပြစ်သားတို့သည် မိမိတို့၏ငရဲခန်းကို ကိုယ်တိုင်ရွေးချယ်ရသည်....ငရဲခန်းများတွင်အမည်မျိုးစုံရှိသည်
1.ဖဲ့စားမယ်
(ဖဲ့စားမယ်ဆိုသောအခန်းသည် သားစားလင်းနို့ကြီးများမွေးမြူထားသော
ဂူထဲဝင်ရခြင်းဖြစ်သည်...အသားကိုဓားနဲ့မွှန်းကာတရက်ကြာဂူထဲမှာပိတ်ထားပြီး နောက်နေ့မနက်အသက်ရှင်နေလျှင်လွတ်ငြိမ်းခွင့်ရသည်..တယောက်မှမလွတ်မြောက်သေးပါ)2.ရေကူးကန်
(ရေကူးကန် ဆိုသည်မှာဧရာမအသားစားမိချောင်းကြီးများနှင့်ပြည့်နေသောရေကန်ကြီးဖြစ်သည် ကန်အလယ်တွင် အလံတိုင်ထောင်ထားသည် ထိုအလံကိုယူဆောင်လာနိုင်လျှင်လွတ်ငြိမ်းခွင့်ရမည်သာ)3.မိုးရွာရင်မိုးရေချိုးမယ်
(ဒီအခန်းကတော့ သံကြိုးနှစ်ဖက်ချည်ခံထားရသောအပြစ်သား၏ေခါင်းပေါ်သို့ ရေပန်းခရားတခုမှ ရေမှုန်ရေမွှားတို့ကို တဖွားဖွားနှင့် ပက်ဖျန်းသောငရဲဖြစ်သည် ထိုရေသည် အက်ဆစ်ရေပင်....ခေါင်းပေါ်မှတဖြည်းဖြည်း အရည်ပျော်ကျလာသောအသားစတို့သည် ခန္ဓာကိုယ်တခုလုံးအရည်ပျော်သည်အထိပင် ထိုခေါင်းပေါ်မှအက်ဆစ်တိုင်ကီတွင် အက်ဆင်ရည်သည် တဂါလံသာရှိသည်
ထိုတဂါလံသောအက်ဆစ်ကုန်သည်ထိ
အသက်ရှင်နေလျှင် လွတ်ငြိမ်းရသည်
သို့သော် အက်ဆစ်ရေတစက်ထိလျှင်ပင် အသားတို့ကအရည်ပျော်ကျလာသည်မို့ မည်သူမှမလွတ်မြောက်ဖူးသေးပါ)
YOU ARE READING
"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"
Ficção Históricaနိုင်ငံတဝန်း သွေးအေးရက်စက်လွန်းလို့ တခြားနိုင်ငံတွေကပါ ဖိန့်" တုန်အောင်ကြောက်ရတဲ့ Leo နိုင်ငံပြည့်ရှင် အရှင်ဝမ်ရိပေါ် ???? သုံးလောကမှာအလှဆုံးသက်ရှိနတ်ဘုရားလို့ တင်စားခေါ်ဝေါ်ပြီး နိုင်ငံတကာက မင်းသမီးတွေသာမက မင်းသားတွေကပါ အပြိုင် လိုချင်နေကြတဲ့ လျန်ဟ...