လမ်းပေါ်လူတွေပြည့်နေသည်
ပိုဆိုးသည်က ဒီနေ့မှာ ဂုန်းဂျုံ မင်းသမီးမွေးနေ့ ဖြစ်နေသည်သဖြင့် လူကျပ်လှ၏"ခေါင်းဆောင်၂ ဒီဘက်ကြွပါ ဟိုဘက်လမ်းကအလွန်လူရှုပ်ပါတယ်"
"အင်း"
စုံစမ်းဖို့အတွက်တစ်ဖက်နိုင်ငံကိုအရေးစွန့်လာခဲ့သော ပင်လယ်ဓားပြခေါင်းဆောင် မိန်းကလေး နှင့် လက်ထောက်မိန်းကလေးတို့မှာယောင်လည်လည်
"ဒီနေ့ဘာလို့လူတေအဲ့လောက်ရှုပ်နေရတာလဲ ထူးဆန်းတယ်"
"လူတွေပြောသံကြားတာ ဒီနေ့ဘုရင့်သမီးတော်မွေးနေ့လိုပြောပါတယ် အရှင်မ "
"မွေးနေ့ ဟုတ်လား "
"ဟုတ်ပါတယ် အရှင်မ ဒီနေ့စစ်ဆေးမှုကိုရပ်ပြီး မနက်မှသွားကြမလား ကျွန်တော်မျိုးမတို့ မဟုတ်ရင် ဖမ်းခံထိလိမ့်မယ်"
"မဟုတ်ဘူး ဒါကငါတို့အတွက် မဟာအခွင့်အရေးဘဲ နန်းတော်ထဲကိုဝင်ဖို့အတွက်အခွင့်အလမ်း"
"ဒါဆို အရှင်မ ကနန်းတော်ထဲခိုးဝင်မလို့ပါလား"
"ငါတို့အဲ့လိုမှမလုပ်ရင်ဘယ်နည်းရှိအုံးမှာလဲ
စခန်းကိုပြန် အကိုတော်ကိုသတင်းပို့ချေ""တယောက်ထဲဖြစ်ပါ့မလား အရှင်မ"
"ရတယ် သွားတော့ "
"ဂရုစိုက်ပါ ခေါင်းဆောင်၂"ထို့နောက်အနောက်အရပ်သို့ပြေးထွက်သွားလေသော မိန်းကလေးသည် သူမကိုတချက်မှလှည့်မကြည့်ပေ
ထို့နောက်
"အားလုံး ဒီညနေ6နာရီမှာ မင်းသမီးရဲ့ မွေးနေ့ပါတီ ရှိတာမို့ နန်းတော်အတွင်းသို့ဖိတ်ကြားချင်းခံရသည်မှစ၍ မင်းသမီး သို့ ဆုတောင်းပထန ပြုသပေးပါရန် ဘုရင်နှင့်တကွဘုရင်ကတော်မှ အမိန့်"
ထို့နောက်တွင် မင်းမှူထမ်း၏နောက်မှစစ်သားတစ်အုပ်လိုက်ပါသွားပေသည်"အဟက် ဒါကတကယ့်အခွင့်ရေးဘဲ"
ထိုစဥ် စစ်သားတယောက်ကို လက်ဖြင့်ဂုတ်အား အားပြင်းစွာရိုက်ပီး လဲကျသွားသောစစ်သားဆီမှ အက်ျီများကို သူမကောက်ဝတ်လိုက်သည် ထို့နောက် စစ်သားအုပ်ကြားထဲ ဝင်ရောက်လိုက်ပါသွားလေသည်
............
"မင်းမှူထမ်းဂွမ် ပြန်လာပီလား""ဟုတ်ကဲ့ အရှင် ကျွန်တော်မျိုး သခင်မလေးမွေးနေ့ပါတီအတွက် တစ်မြို့လုံးကိုဖိတ်ပီးပါပီ"
"အေး ကောင်းတယ် မင်းတို့ပြန်နားပါတော့"
အရေးပိုင်မင်းမှာ လီဆာ့အားထူးချွန်ထက်မြတ်လှပသော သမီးတယောကို တော်သထက်တော်အောင် မြေတောင်မြှောက်ပေးခဲ့သည် ခုလဲ သူမ18နှစ်ပြည့်မွေးနေ့မို့သာ
လန်ဒန်မြို့မှာ ကျောင်းတက်နေသော သူ့သမီးအားဆိုးလ်သို့ ပြန်ခေါ်ခြင်းဖြစ်သည်"အော် ခဏ တယောက်က ဒီမုန့်ဗန်းကို သမီးတော် အခန်းထဲပို့ပေးပါ ငါသွားပြီ "
သမီးတော် ဆိုသည်နှင့် မြို့ထဲမှနာမည်ကြီးနေသော မင်းသမီးဆိုတာသူမ သိ၏
ထို့ကြောင့်"ကျွန်တော်သွားပို့လိုက်ပါ့မယ်"
ထွက်လာသော မိန်းကလေးသံကြောင့် မင်းမူထမ်းမှာ မသက်ာ ဖြစ်မိ၍ သူမနားသို့ကပ်လာသည် ကိုသိသောကြောင့် မုန့်ဗန်းကိုအရင်ယူကာ အမြန်ထွက်သွားလိုက်သည်
"ဟူးးးးတော်ပါသေးရဲ့ အလိမ်ပေါ်တော့မလို့
ဒါနဲ့ ငါကဘယ်ကိုသွားရမှာလဲ"ကြောင်တောင်တောင် ဖြစ်နေချိန် နှင်းဆီရနံ့သင်းသင်းလေးဟာ အခန်းတခန်းဆီကဆွဲစောင်နေသည်မို့ သူမအခန်းဝတွင် ရပ်နေမိသည်
ထိုစဥ်
"ဒါကဘာလုပ်နေတာလဲ သမီးတော်ကိုမုန့်လာပို့တာလား"
အရေးပိုင်မင်းကတော်သည် သူမ၏မိန်းကလေးအသံကိုသတိထားမိမှာကြောက်၍ ခေါင်းသာငြိမ့်ပြလိုက်သည်
"ဝင်သွားလိုက်ပါ"
ထို့နောက် သူမအခန်းတံခါးကိုခေါ်က်လိုက်သည်
Donck donck donck...."ဝင်လာပါ"
ဝင်လာသည်နှင့်တွေ့လိုက်ရသော မိန်းကလေးကြောင့် ကြောင်သွားကာ ရပ်ကြည့်နေမိသည်
လှပသောမျက်ဝန်းဝိုင်းလေးများ
ကော့ညွတ်ညွတ် နှုတ်ခမ်းသားတစ်စုံ
လှပသောကောက်ကြောင်း
ခါးမထိသောဆံနွယ်များဖြင့်
အနောက်တိုင်း dress အနက် ကိုဝတ်ဆင်ထားသော မိန်းကလေးဆီမှ နှင်းဆီရနံံ့မှာ
တစ်ခန်းလုံး သင်းပျံ့လျက်သာ....
YOU ARE READING
A bold rose of a beautiful queen
Science FictionA queen has a rose that she loves......This love will continue to love until death